close
Connect with us

Hi, what are you looking for?

သတင်း

ဟိုပုံးမြို့နယ် ဗန်းစောက်ရွာမြေပြိုမှု တစ်ပတ်ကျော်ကြာပျောက်ဆုံးနေသော မြေးအဖွားနှစ်ဦးရုပ်အလောင်း ယနေ့ရှာတွေ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် ဗန်းစောက်ကျေးရွာမြေပြိုမှုအတွင်း တစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေသော မြေးအဖွားနှစ်ဦး၏ ရုပ်အလောင်းအား ယနေ့ရှာဖွေတွေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ဗန်းစောက်ရွာ ရေစီးဖြင့် မြေပြိုကျမှုကြောင့် ပျက်စီးနေသည့်မြင်ကွင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့

ရဲ​ခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် ဗန်းစောက်ကျေးရွာမြေပြိုမှုအတွင်း တစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေသော မြေးအဖွားနှစ်ဦး၏ ရုပ်အလောင်းအား ယနေ့ရှာဖွေတွေ့ရှိကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၁၁ရက် ညပိုင်းတွင် ဗန်းစောက်ရွာသည် တောင်ကျရေကြောင့် မြေပြို၍ လူနေအိမ်များမြေပိမှုအတွင်း မြေအဖွားနှစ်ဦး ပျောက်ဆုံးသွားခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“မြေပိတဲ့ အိမ်တွေကို ပြန်ဖော်နေတာပေါ့။ဒါပေမယ့် ရပ်ရွာကလူတွေချည်းပဲဆိုတော့ တစ်နိုင်တစ်ပိုင်လောက်ပဲ လုပ်နိုင်တယ်။တာဝန်ရှိတဲ့သူတွေ ဆင်းမလာကြဘူးလေ။မြေအဖွားနှစ်ဦးကတော့ ဒီမနက် အစောပိုင်းရုပ်အလောင်းတွေ့တာ”ဟု ဗန်းစောက်ရွာနေသူတစ်ဦးက ယနေ့(စက်တင်ဘာ ၁၉ရက်)တွင် ပြောသည်။

ဗန်းစောက်ရွာတွင် နေအိမ် ၁၈၀ရှိသည့်အနက် ရေဘေးကြောင့် နေအိမ် ခုနစ်လုံး ရေထဲမျောပါခဲ့ပြီး ၄၆လုံးမှာ ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။ လူ ငါးဦးသေဆုံးသည့်အနက် နှစ်ဦးမှာ ရေစီးဖြင့်မျှောပါသေဆုံးပြီး သုံးဦးမှာ မြေပိ၍ သုံးဦးသေဆုံးခဲ့ခြင်းဟု ဒေသခံများက ဆိုသည်။

ဟိုပုံးမြို့နယ်၌ ရေဘေးနှင့်မြေပြိုမှုကြောင့် အိမ်ခြေ ၁၀၀ကျော်ပျက်စီးပြီး လူ ၂၀ကျော်ပျောက်ဆုံးနေကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်များက အသိပေးသည်။

ထို့အပြင် ဟိုပုံးမြို့နယ်နှင့်ကပ်လျက်ရှိသော လွိုင်လင်မြို့နယ်တွင်လည်း စက်တင်ဘာ ၁၁ ရက်ကစ၍ ရေဘေးနှင့်မြေပြိုမှုကြောင့် သေဆုံးသူ ၂၀ကျော်ရှိကာ ကျေးရွာအလိုက်ရွှေ့ပြောင်းရမှုလည်း ရှိနေကြောင်း သိရသည်။

စစ်ကောင်စီ၏ ရေဘေးနှင့်မြေပြိုကျမှုကြောင့် သေဆုံးပျက်စီးမှု ထုတ်ပြန်ချက်တွင် အထက်ပါမြို့နယ်များ၏ သတင်းအချက်များမပါရှိပေ။

ဆက်စပ်သတင်းများ

Facebook