သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၃၁) အသီးသီး ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ဦးဆောင်ပြီး ၁၀၂၇ ဒုတိယလှိုင်းကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ “၁၀၂၇ဒုတိယလှိုင်းသည် ကျွန်ုပ်တို့ အနာဂတ် ဖြစ်သည်” စာသားကိုင်ဆောင်ပြီး လူထုသပိတ်လှုပ်ရှားမှု လုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းနဲ့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းတို့ သပိတ်စစ်ကြောင်း ၂ ခု ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြောက်ခြမ်းမှာလည်း ကျေးရွာများသပိတ်ကော်မတီက ဦးဆောင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။





ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်
