close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေး တောင်သမန်ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်၍ စိန်ဖူးတော်မြေခ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းအနီးရှိ ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်၍ စိန်ဖူးတော်မြေခခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်၍ စိန်ဖူးတော်မြေခပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-CJ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းအနီးရှိ ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်၍ စိန်ဖူးတော်မြေခခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (သြဂုတ် ၂၇ရက်) ညနေ ၅နာရီခန့်က အမရပူရမြို့၊ တောင်သမန်အင်းအရှေ့ဘက်ကမ်း၊ ဦးပိန်တံတားအရှေ့ထိပ်ရှိ ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်၍ စိန်ဖူးတော်မြေခခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မိုးကြိုးပစ်သံကအကျယ်ကြီးပဲ။ လျှပ်စီးလျှပ်တာများ အိမ်အတွင်းထဲထိလင်းထိန်သွားတယ်။”ဟု အမရပူရဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ မန္တလေးနန်းတွင်း၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာပြီးနောက် သြဂုတ် ၂၆ ရက် တွင် သဲအိတ်များတင်ထားသည့် မန္တလေးနန်းမြို့ရိုးတစ်နေရာရှိ အုတ်ရိုးတစ်ခန်းနီးပါး ပြိုကျပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

“အကုသိုလ်ကောင် မန္တလေးရောက်ပြီးမှ နန်းမြို့ရိုးပြိုသလို ကျောက်တော်ကြီးဘုရား မိုးကြိုးထိလို့ စိန်ဖူးတော်မြေခနဲ့ နမိတ်တွေပြနေပြီ။”ဟု မန္တလေးဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

ကျောက်တော်ကြီးဘုရားသည် ပုဂံမင်းတရား၏ ကောင်းမှုတော်ဖြစ်၍ အမရပူရမြို့မှ တောင်ဘက် (၃)မိုင်ခန့် ကွာဝေးသော တောင်သမန် အနောက်တောင် ကျေးရွာနှစ်ရွာအကြားတွင် တည်ရှိသည်။ မဟာသကျရံသီဟူသောဘွဲ့တော်ဖြင့် ထင်ရှားသည်။

ကျောက်တော်ကြီးဘုရားတွင် အမရပူရခေတ်နံရံဆေးရေးပန်းချီလက်ရာများနှင့် နက္ခတ် တာရာ ၁၂ ရာသီခွင်ရုပ်များကိုပါ ရေးဆွဲထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် သည် ဩဂုတ် ၂၅ရက်က မန္တလေးမြို့တော်ခန်းမ၌ ခရိုင်အဆင့် Non CDM ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်သူများအား အဓမ္မစစ်သင်တန်းတက် ခိုင်းမည့် ပြည်သူ့လုံခြုံရေးစနစ်အကောင်အထည်ဖော်မည့်ကိစ္စကိုပါ ပြောသွားခဲ့သည်။ ထို့အပြင် ၎င်းပြောဆိုနေကျ ရွေးကောက်ပွဲမဲလိမ်သည့်ကိစ္စကိုပါ ထပ်ခါထပ်ခါစွပ်စွဲသွားသည်။

ဆက်စပ်သတင်းများ

သတင်း

အသက်ကြီး အမျိုးသားများကိုပါ စစ်မှုထမ်းခိုင်း​​နေသောလုံကြမ်းအဖွဲ့ ဖွဲ့ရန်ဖိအား​ပေးမှုအ​ပေါ် ပြည်သူများ ပြင်းထန်စွာ​ဝေဖန်

သတင်း

စစ်ကောင်စီ၏ ဒုခေါင်းဆောင်စိုးဝင်းက တရုတ်ခရီးစဉ်အတွင်း ရွေးကောက်ပွဲ ကျင်းပမည် ပြောဆိုမှုရှိခဲ့ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ် ယခုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။

နိုင်ငံတကာ

မနှစ်တုန်းက မူအားဖြင့် ဆွေးနွေးထားတဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်ကို အာဏာသိမ်း စစ်ခေါင်းဆောင် သုံးဦးက နိုင်ယာမေ တွေ့ဆုံပွဲမှာ လက်မှတ်ရေးထိုး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

သတင်း

ယခု​နွေရာသီတွင် မြန်မာအပါအဝင် အာရှနိုင်ငံအများစုတွင် အယ်လ်နီညို ရာသီဥတု​ကြောင့် အပူဒဏ်ပြင်းစွာကြုံရပြီးအစွန်း​ရောက်ရာသီဥတုဒဏ်ခံ​နေရသည်။

Facebook