ကျော်ဇော/People’s Spring
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမအစပ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ယမန်နေ့ (သြဂုတ် ၂၇) ညနေပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တပ်မ (၆၆)လက်အောက်ခံ တပ်ရင်းမှူးတစ်ဦးအပါအဝင် အများအပြားသေဆုံးကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
သြဂုတ် ၂၇ညနေပိုင်းက လက်ပံတန်းမြို့နယ်၊ အုတ်ဖိုစုရွာနှင့် ရေငံရွာများကို ဝင်ရောက်ကာ နေအိမ်များကိုဖျက်ဆီး၍ ပဲခူးရိုးမအစပ်သို့ရောက်လာသော အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြော သည်။

Public Service Announcement
တိုက်ပွဲချိန် ၁ နာရီခန့်ကြာမြင့်ပြီး စစ်ကောင်စီဘက်မှ တပ်မ (၆၆)လက်အောက်ခံ တပ်ရင်း မှူးတစ်ဦးအပါအဝင် အများအပြားသေဆုံးသည်ဟု ကနဦးသတင်းရရှိကြောင်း တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူက ဆက်ပြောသည်။
“စကစတွေဘက်ကတော့ အသေအပျောက်များတယ်။ ဒါပေမဲ့ ဒရုန်းနဲ့ ဗုံးတွေကြဲတာရော လက်နက်ကြီးပစ်ကူပေးတာကြောင့်ရော အ လောင်းပုံတွေတော့ မှတ်တမ်းမယူလိုက်နိုင်ဘူး။ လက်နက်တွေတောင် မကောက်လိုက်ရဘူး”ဟု ၎င်းက ရှင်းပြသည်။

ထိတွေ့တိုက်ပွဲတွင် တော်လှန်ရေးရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ဒရုန်းနှင့် လက် နက်ကြီးပစ်ကူများကြောင့် ပြန် လည်ဆုတ်ခွာခဲ့ကြောင်း တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။
ထို့အပြင် အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းသည် သြဂုတ် ၂၄ ရက်ကလည်း ရေငံရွာအနီး တော်လှန်ရေးတပ်ဖွဲ့များ၏တိုက်ခိုက်မှုကြောင့် ၂၀ ကျော်သေ၍ ၁၀ ဦးအရှင်ဖမ်းခံရခဲ့ပြီး လက်နက်မျိုးစုံ အလက် ၃၀ ကျော်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG )ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်သည်။
စစ်ကောင်စီတပ်မှသေဆုံးသူများတွင် အရာရှိ(၅) ဦး ပါဝင်ပြီး တပ်မ (၆၆) မှ ဗိုလ်မှူး အဆင့် (၁) ဦး၊ ဗိုလ်ကြီးအဆင့် (၁) ဦး၊ ရဲတပ်ရင်း (၁၀) မှ ရဲအုပ်အဆင့် (၁) ဦးနှင့် ဒုရဲအုပ်အဆင့် (၂) ဦး တို့ ဖြစ်သည်ဟုဖော်ပြထားသည်။ထို စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၂/၃/၅/၆) နှင့် တပ်ရင်း (၃၈၀၃) တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်စစ်တပ်စစ်ကြောင်းမှ အထိနာသွားသဖြင့်ပြန်ဆုတ်သွားပြီးနောက်အင်အားများထပ်မံဖြည့်တင်းကာ ရိုးမအနီးရှိ အုတ်ဖိုစု၊ ရေငံအပါအဝင် ကျေးရွာအချို့ကိုဝင်ရောက်စစ်ကြောင်းထိုးလျှက်ရှိသည်။
ထိုနောက်တိုက်ပွဲဖြစ်ပွားရာအနီးမှ အုတ်ဖိုစုရွာနှင့် ရေငံရွာမှနေအိမ်များကိုသြဂုတ် ၂၇မနက်ပိုင်းတွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်။
ထို့အပြင် အုတ်ဖိုစုရွာဘုန်းကြီးကျောင်းမှခန်းနေဦးဇင်းတစ်ပါးကို လက်ပြန်ကြိုးတပ်ဖမ်း ဆီးကာ ဒေသခံပြည်သူအချို့ကိုလည်း ဓား စာခံအဖြစ် ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန က စစ်တောင်းမြစ်ဝှမ်း စိုးမိုးရေးနှင့်ပဲခူးရိုးမ ထိုးဖောက်ရေး စစ်ရေးစီမံချက်များ ချမှတ်ထားပြီးဖြစ်ကာ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။
