Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နေပြည်တော်မှ ဒုတပ်ကြပ်ရဲမေ တစ်ဦး အလင်းဝင်

နေပြည်တော်မှ ဒုတပ်ကြပ် ရဲမေတစ်ဦးအပါအဝင် တစ်ပတ်အတွင်း ရဲနှစ်ဦး အလင်းဝင်ရောက်လာခဲ့ကြောင်း ရေစကြိုမြို့နယ်အခြေစိုက် Royal Eagle People Defence Force -YSO တပ်ဖွဲ့၏ တာဝန်ခံ ကိုဇော်ကြီးက ပြောသည်။

အလင်းဝင်ရဲမေနှင့် ၎င်းအပ်နှံခဲ့သော ပစ္စ​ည်းများအား တွေ့ရစဥ်။ ဓါတ်ပုံ Royal Eagle People Defence Force -YSO

ဟာနာဆန်/People’s Spring

နေပြည်တော်မှ ဒုတပ်ကြပ် ရဲမေတစ်ဦးအပါအဝင် တစ်ပတ်အတွင်း ရဲနှစ်ဦး အလင်းဝင်ရောက်လာခဲ့ကြောင်း ရေစကြိုမြို့နယ်အခြေစိုက် Royal Eagle People Defence Force -YSO တပ်ဖွဲ့၏ တာဝန်ခံ ကိုဇော်ကြီးက ပြောသည်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မြို့မရဲစခန်းမှ လုပ်သက် ၆ နှစ်ကျော်ရှိ အသက် ၃၃ နှစ်အရွယ် ဒုတပ်ကြပ် အေးအေးအောင် ဆိုသူ ရဲမေတစ်ဦးသည် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အခြေစိုက် Royal Eagle People Defence Force -YSO တပ်ဖွဲ့ထံသို့ ယမန်နေ့ သြဂုတ် ၄ ရက်က အလင်းဝင်ရောက်လာကြောင်း တပ်ဖွဲ့တာဝန်ခံ ကိုဇော်ကြီးက ပြောသည်။

“ဖုန်းနဲ့ပဲ ချိတ်ဆက်ပြီး ဝင်လာတာပါ။ စစ်ကောင်စီလက်အောက်မှာ ဆက်မလုပ်နိုင်တော့လို့ အလင်းဝင်လာတာ။ နေပြည်တော်ကဆိုတော့ အခက်ခဲတွေကတော့ အများကြီးပေါ့။ လမ်းပန်း အခက်ခဲတွေရော။”ဟု တပ်ဖွဲ့တာဝန်ခံ ကိုဇော်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုရဲမေက က G 3 ကျည် ၂၄ တောင့်၊ 9 mm ကျည် ၂၅ တောင့်၊ လက်တော့ပ် ၁ လုံးတို့ကိုပါ အပ်နှံခဲ့ပြီး ဆုငွေတစ်သိန်းချီးမြှင့်ခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင် ၂၉ ရက်ကလည်း ရေစကြိုရဲစခန်းမှ အသက် ၃၆ နှစ်အရွယ် ရဲတပ်ကြပ် အောင်မြတ်သူဆိုသူသည် M 16 တစ်လက်၊ 5.56 ကျည် ၂၀၀ ဖြင့် အလင်းဝင်လာ၍ ဆုငွေကျပ်သိန်း၃၀ ချီးမြှင့်ခဲ့ကြောင်း Royal Eagle People Defence Force -YSO တပ်ဖွဲ့က ပြောသည်။

အလင်းဝင် ရဲနှစ်ဦးလုံးကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ