Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စဥ့်ကူးမြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ကလေးငယ်အပါအဝင် ပြည်သူ ၁၃ဦး သေဆုံး

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကံတောင်ကျေးရွာနှင့် နွယ်ရုံကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၁၃ဦးသေဆုံးပြီး ၂၀ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကံတောင်ရွာနှင့် နွယ်ရုံရွာရှိနေအိမ်များ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - MDY PDF

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကံတောင်ကျေးရွာနှင့် နွယ်ရုံကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၁၃ဦးသေဆုံးပြီး ၂၀ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယနေ့ (သြဂုတ် ၄ရက်) နေ့လယ် ၁နာရီခန့်က စဥ့်ကူးမြို့နယ် ၊ ကံတောင်ကျေးရွာအား စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့၍ ကလေးငယ် တစ်ဦး အပါအဝင် ပြည်သူ သုံးဦး သေဆုံးကာ ၁၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ညနေ ၃နာရီခွဲဝန်းကျင်၌ စဥ့်ကူးမြို့နယ် ၊ နွယ်ရုံကျေးရွာအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ ကလေးငယ် တစ်ဦး အပါအဝင် ဒေသခံပြည်သူ ၁၀ဦး သေဆုံးခဲ့ကာ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေး PDF က ထပ်မံအသိပေးသည်။

စစ်ကောင်စီသည် စဥ့်ကူးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ပိတ်ပင်ထားသော အတွဲလိုက်ဗုံးသီး(Cluster Bombs)များ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် အပြစ်မဲ့ ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း မန္တလေး PDF က အသိပေးသည်။

စစ်ရှုံး စစ်ကောင်စီသည် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းမှာ စစ်တပ်တစ်တပ်အနေဖြင့် ဂုဏ်သိက္ခာအကင်းမဲ့ဆုံး လုပ်ရပ်ဖြစ်ပြီး ကြီးမားသော စစ်ရာဇဝတ်မှုဖြစ်ကြောင်း မန္တလေး PDF က အသိပေးထားသည်။

စဥ့်ကူးမြို့အပါအဝင် မြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများအား မန္တလေး PDFနှင့် ပူးပေါင်းတပ်များက ဇူလိုင် ၁၇ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ