သတိုး/People’s Spring
ရန်ကုန်မြို့တွင် ယခင်ရက်များထက် စက်သုံးဆီဈေးနှုန်း ၁၀၀ကျော်မြင့်တတ်လာပြီး တန်းစီဝယ်ယူနေရဆဲဖြစ်ကြောင်း ယာဉ်ပိုင်ရှင်များက ပြောသည်။
ဩဂုတ် ၃ရက်တွင် စက်သုံးဆီအရောင်းဆိုင် များ၌ ၉၂ တစ်လီတာ ၂,၇၇၀ ကျပ် ၊ ၉၅ တစ်လီတာ ၂,၈၉၅ ကျပ် ၊ ဒီဇယ်တစ်လီတာ ၂,၄၅၀ ကျပ်နှင့် ပရီမီယံ ဒီဇယ်တစ်လီတာ ၂,၉၂၀ကျပ် နှုန်းရောင်းချလျက်ရှိသည်။

Public Service Announcement
အဆိုပါနှုန်းထားသည် ယခင်ရက်နှင့်နှိုင်းယှဉ်ပါက ဆီအမျိုးအစားအလိုက် ကျပ် ၁၀၀ကျော် ဈေးတတ်လာခြင်းဖြစ်သည်။
ယင်းကဲ့သို့ ဆီဈေးနှုန်းမြင့်တတ်လာသော်လည်း ဆီဝယ်ယူရန်အတွက် တန်းစီစောင့်ဆိုင်းနေရဆဲဖြစ်ပြီး အချို့ဆိုင်များတွင် သတ်မှတ်ချက် ဖြင့်သာရောင်းချနေကြောင်း ယာဉ်ပိုင်ရှင်များကပြောသည်။
“အရင်နေ့တွေလောက် မခက်တော့ဘူး။ တန်းစီချိန်လည်း သိပ်မပေးရတော့ဘူး။ ဈေးတတ်တာတစ်ခုပဲ”ဟု ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။
ဒေါ်လာဈေး ၊ ရွှေဈေးများ မြင့်တတ်လာမှုနှင့် အတူ ပြီးခဲ့သည့် ရက်ပိုင်းကစတင်၍ ရန်ကုန်နှင့် မန္တလေးမြို့အပါအဝင် မြို့တော်တော်များများတွင် စက်သုံးဆီဝယ်ယူရန် ခက်ခဲသည့် အခြေအနေကို ကြုံခဲ့ရခြင်းဖြစ်သည်။
