ဟန်နွေ/People’s Spring
ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ၏ ခမရ(၄၃၇) တပ်ရင်းဌာနချုပ် သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က အပြင်းအထန် ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ တပ်ရင်းကို မေလမှစ၍ အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ သိမ်းပိုက်မရနိုင်သေး၍ ဇူလိုင် ၂၄ရက်တွင် KIA၊ KPDFနှင့် AA ပူးပေါင်းတပ်များက ထပ်မံ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

Public Service Announcement
ဇူလိုင် ၂၄ရက်မှ ဩဂုတ် ၂ရက်အထိ ၁၀ရက် ဆက် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“မိုးမောက်မှာ ၁၀ရက်နေ့မြောက် တိုက်ပွဲ ပြင်းထန်နေပါတယ်။ မိုးမောက်မှာနောက်ဆုံးကျန်နေတဲ့ ခမရ(၄၃၇)တပ်ရင်းဌာနချုပ်ကို KIA၊ AA၊ KPDF ပူးပေါင်းတပ်ဖွဲ့များအပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဩဂုတ် ၂ရက်ညပိုင်းတွင် ပြောသည်။
KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း မိုးမောက်၌ တိုက်ပွဲဆက်ဖြစ်နေကြောင်း ယမန်နေ့နံနက်က ပြောကြားထားသည်။
KIAသည် မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းရှိ စစ်ကောင်စီတပ်စခန်းအချို့ကိုလည်း ထိုးစစ်ဆင်လျက်ရှိရာ အဆိုပါလမ်းပိုင်းရှိ တီယန်ဇွပ်တပ်စခန်းကို ယမန်နေ့မနက်တွင်သိမ်းယူနိုင်ခဲ့သည်။ ထို့ပြင် အင်ဆောပ်ရွာတပ်စခန်းကို ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
