ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မြောင်မြို့မရဲစခန်းတွင် ပျူစောထီးများအား သင်တန်းပေးနေစဥ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။
ဇူလိုင် ၃၁ရက် ညနေ ၄နာရီခွဲခန့်က မြောင်မြို့မရဲစခန်းအတွင်း ငါန်းမြာရွာနှင့် ပေါက်တောချောင်ကျေးရွာမှ ပျူစောထီးများအား စစ်သင်တန်းပြုလုပ်ရန် တန်းစီချိန်တွင် Shar Htoo Waw နည်းပညာ Fixed Wings ဒရုန်း (၂) စီးဖြင့် ဗုံးသီး ရှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့(CDSOM)မှ ကိုနွေဦး(မြောင်)က ပြောသည်။

Public Service Announcement
“သင်တန်းသားက ၂၀ ကျော်လောက်ရှိမယ်။ ငါန်းမြာဘက်ကနေခေါ်လာပြီး ပေးနေတာပါ။”ဟု ကိုနွေဦး(မြောင်)က ပြောသည်။
တန်းစီချိန်တွင် တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ အထိအခိုက်များနိုင်ကြောင်း CDSOM အဖွဲ့က ဆိုသည်။
ထို့အပြင် မြောင်မြို့နယ်အတွင်း ဒရုန်းစစ်ဆင်ရေးများ ပြန်လည်ဆောင်ရွက်သွားမည်ဟု CDSOMအဖွဲ့က အသိပေးထားသည်။
၂၀၂၃ ဒီဇင်ဘာ ၁ရက်နှင့် ဒီဇင်ဘာ၃၁ ရက်ကလည်း မြောင်မြို့မရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ကြသည်။ နယ်မြေစိုးမိုးမှုအားကောင်းနေသော မြောင်မြို့မရဲစခန်းသည် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ အသီးသီးက မကြာခဏ တိုက်ခိုက်နေသော ရဲစခန်းဖြစ်သည်။
