ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ရေစကြိုမြို့၊ ရေစကြို – ပခုက္ကူလမ်းမကြီးဘေးရှိ စစ်ကာင်စီ၏ အမှတ်(အမှတ် ၂၅၈)ခြေလျင်တပ်ရင်း၏ စစ်ဆေးရေးဂိတ်အား အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဇူလိုင် ၂၆ရက် နံနက် ၁၁ နာရီခန့်က ရေစကြိုမြို့၊ရေစကြို – ပခုက္ကူလမ်းမကြီးဘေးရှိ စစ်ကောင်စီ၏ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁)လက်အောက်ခံ ခလရ (၂၅၈) တပ်ရင်းရှေ့ရှိ စစ်ဆေးရေး ဂိတ်ကို အနီးကပ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုပကဖပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ရာ မိနစ် ၂၀ ခန့်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ပကဖရဲဘော်များက ဆိုသည်။
“ကျွန်တော်တို့ အနီးကပ် မီတာ ၁၀၀လောက်အထိ ကပ်ပစ်ခဲ့တာပါ။ အဲဒီဂိတ်က ရှစ်ယောက် ကိုးယောက်လောက်ရှိတယ်။ ဒီကနေ့စုံစမ်းသိရတာကတော့ တစ်ယောက်သေ တစ်ယောက်ဒဏ်ရာရတယ်လို့ သိရတယ်။”ဟု ရေစကြိုပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါဂိတ်ကို ရေစကြို – ပခုက္ကူ ကူးသန်းသွားလာနေသည့်ယာဥ်များက တစ်ကြိမ်ဖြတ်တိုင်း ဖြတ်သန်းခပေးရလေ့ရှိကြောင်း ဒေသခံများက ပြောပြသည်။
ဇူလိုင် ၉ ရက်ကလည်း ရေစကြိုမြို့နယ် ခလရ (၂၅၈)နှင့် လင်းကတော နယ်မြေရဲစခန်းအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
