Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကျင်မြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ အမျိုးသမီးနှစ်ဦးသေဆုံး

ဖေဖော်ဝါရီ ၂၃ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ဆောထိမြို့နယ်ဖြစ်သော ညောင်ပင်ကြီး ကျေးရွာတွင်းသို့ လက်နက်ကြီး လေးလုံးပစ်ခတ် ခဲ့ရာ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ရပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ဟု ဖော်ပြသည်။

နေအိမ်မီးလောင်နေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
နေအိမ်မီးလောင်နေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် တပ်မဟာ(၃)၊ ဆောထိ(ရွှေကျင်)မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားပြည်သူ နှစ်ဦးသေဆုံးခဲ့ကြောင်း KNUဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၃ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ဆောထိမြို့နယ်ဖြစ်သော ညောင်ပင်ကြီး ကျေးရွာတွင်းသို့ လက်နက်ကြီး လေးလုံးပစ်ခတ် ခဲ့ရာ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ရပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ဟု ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထိခိုက်ဒဏ်ရာရသူ နှစ်ဦးအနက်အသက် ၁၇နှစ် အရွယ် စောသေးအောင်မှာ ဒဏ်ရာပြင်းထန်ခဲ့ကြောင်း ၎င်း၏နေအိမ်လည်း မီးလောင်ပျက်စီးခဲ့ရကြောင်း KNUက ထုတ်ပြန်သည်။

ဒဏ်ရာရသည့် အမျိုးသမီးငယ်မှာလည်း ညောင်လေးပင်ဆေးရုံ၌ ကုသမှုခံယူနေသည်ဟုဆိုသည်။

သေဆုံးသွားသည့် အမျိုးသမီးနှစ်ဦးအနက် တစ်ဦးသည် အသက် ၆၆ နှစ်ရှိပြီဖြစ်ပြီး ၎င်း၏နေအိမ်မီးလောင်သွား၍ ရုပ်အလောင်းပါ မီးလောင်ကျွမ်းသွားသည်ဟု ဆိုသည်။ ထို့ပြင် အသက်(၃၅)နှစ် အရွယ် အမျိုးသမီးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကလေးငယ်နှစ်ဦး ကျန်ရစ်သည်ဟုဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ဒေသတွင်း၌ စစ်အင်အားဖြည့်တင်းထားပြီး လက်နက်ကြီးများထပ်မံ နေရာချ ပြင်ဆင်ထားကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၂၂ရက်ညပိုင်းကလည်း ညောင်ပင်ကြီးရွာသို့ လက်နက်ကြီး ၁၈လုံး ပစ်ခတ်ခဲ့ပြီး ထိုစဉ်ကထိခိုက်ပျက်စီးမှုမရှိခဲ့ပေ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ညောင်ပင်ကန်ရွာကိုပါ ဝင်ရောက်စစ်ကြောင်းထိုးကာ တဲနှစ်လုံးကို မီးရှို့ဖျက်ဆီးပြီး ညောင်ပင်ကန်ရွာနှင့် ​လှေဦးကန်ကျေးရွာတွင် ညအိပ်တပ်စွဲခဲ့သည်။

နိုင်ငံတကာ

စောင့်ကြည့်လေ့လာသူတွေရဲ့ အဆိုအရ ၂၀၁၄ ခုနှစ်နောက်ပိုင်း မြေထဲပင်လယ်ကို စွန့်စားဖြတ်ကျော်ရင် ပင်လယ်ပြင်မှာ သေဆုံး၊ ပျောက်ဆုံးသွားသူ ၂ သောင်းကျော်ထိ ရှိခဲ့ကြောင်းလည်း သိရပါတယ်။

သတင်း

ယမန်နေ့(ဖေဖော်ဝါရီ ၂၅ရက်) နံနက်ကတမူးမြို့ စော်ဘွား ၁၂ (ခ)ရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ် ခလရ(၂၇၄) အနေဖြင့်ယခင်ကလည်း မင်းတပ်မြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ အရပ်သား သေဆုံးထိခိုက်မှုဖြစ်ပေါ်ခဲ့သည်။