ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မဇွပ်ယန်ကျေးရွာထဲကို ဒီနေ့မနက်ပိုင်းက လက်နက်ကြီးကျည်ကျပြီး အမျိုးသမီး ၁ ဦး ထိမှန်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။
မဇွမ်ယန်ရွာထဲကို ဒီနေ့ကမနက်ပိုင်း ၈ နာရီခွဲခန့်က လက်နက်ကြီးကျည်ကျတာဖြစ်တယ်လို့ လုံးခင်းဒေသခံတစ်ဦးကပြောပါတယ်။
“တိုက်ပွဲ အသံတွေကတော့ ကြားနေရတာပဲ”လို့ လုံးခင်းဒေသခံတစ်ဦးကပြောပါတယ်။

ရွာထဲက နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျပြီး ကလေး ၂ ဦးမိခင်ဖြစ်သူ ဒေါ်လခိဂျာအန့် ဒဏ်ရာရသွားတယ်လို့သိရပါတယ်။ ဒဏ်ရာရတဲ့အမျိုးသမီးဟာ စိုးရိမ်ရတယ်လို့ လုံးခင်းဒေသခံ သတင်းရင်းမြစ်က ပြောပြပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဖားကန့်မြို့နယ် ၊လုံးခင်းကျေးရွာအုပ်စု ၊ဆန်ခါရွာထဲကို လက်နက်ကြီးကျပြီး ဒေသခံ ၆ ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါသေးတယ်။
