တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲအမှတ်(၃) အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းမှ ရဲဘော်များအနေဖြင့် ယနေ့ (ဖေဖော်ဝါရီ ၁၃ရက်) ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အမှတ်တရပွဲကျင်းပခဲ့ကြောင်း ယင်းစစ်ကြောင်းက ထုတ်ပြန်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၈)နှစ်မြောက် မွေးနေ့ အမှတ်တရအဖြစ် ဒေါနစစ်ကြောင်း၏ ချေမှုန်းရေးတပ်ခွဲ (၁) မှရဲဘော်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအာဇာနည်သူရဲကောင်းများကို အလေးပြုခြင်း၊ ပဲပြုတ်နှင့်နံပြားကျွေးမွေးခြင်းများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင်ဒေါနစစ်ကြောင်း၏ စစ်ကြောင်းလုံခြုံရေး တပ်စိပ်မှရဲဘော်များကလည်း စစ်ကြောင်းရှိရဲဘော်များကိုမုန့်ဟင်းခါးချက်ကျွေးခြင်း ၊ ဒေါနစစ်ကြောင်း၏ စစ်ကြောင်းမှူးစောဒါးကိုအား အမှတ်တရ ပန်းချီကားရေးဆွဲပြီး လက်ဆောင်ပေးခြင်း အစီအစဉ်များပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်သည်။
အခြားဒေသများရှိ ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့်လည်း ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် အဖြစ် ပြည်သူလူထုကို ပဲပြု၊နံပြား ကျွေးမွေးလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
