ရန်ကုန်မြို့တွင် ပြည်ထောင်စုနေ့ အခမ်းအနားအတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် အကြမ်းဖက်စစ်ကောင်စီက မြေနီကုန်းတံတား ဖြတ်သန်းခွင့်ပိတ်ထား၍ ယာဉ်ကြောပိတ်ဆို့မှု ဆိုးဆိုးဝါးဝါးဖြစ်နေသည်။
မြေနီကုန်းတံတားပေါ်မှ ဖြတ်သန်းမည့်ယာဉ်များအနေဖြင့် တံတားအောက်လမ်းမှသာ သွားခွင့်ပေးထားသောကြောင့် ယာဉ်ကြောပိတ်ဆိုးမှုဆိုးရွားနေခြင်းဖြစ်သည်။
“တံတားထိပ်မှာ တုံးတွေချထားပြီး အောက်ကပဲသွားဖို့ ဘဲဥ နှစ်ကောင် ပြောနေတာ”ဟု ယင်းနေရာသို့ ဖြတ်လာသည့် အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ နေရာတွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် လှည်းတန်း ဘက်တွင်လည်း ယာဉ်ကြော ပိတ်ဆို့နေပြီး ရွှေဂုံတိုင်ဘက်တွင်လည်း ရွှေဂုံတိုင်လမ်းဆုံအထိ ယာဉ်ကြောပိတ်ဆို့နေသည်။
“လှည်းတန်းနဲ့ မြေနီကုန်းကိုတစ်နာရီလောက်စီးလိုက်ရတယ်”ဟု YBS စီနင်းသူတစ်ဦးက ပြောသည်။
မြေနီကုန်းတံတားပေါ်သို့ ယာဉ်ဖြတ်သန်းခွင့်မပေးသည့် အကြောင်းကို လူထုနွေဦး အနေဖြင့် သီးခြားအတည်မပြုနိုင်သော်လည်း ပြည်သူ့ရင်ပြင်၌ ပြုလုပ်မည့် အကြမ်းဖက်စစ်ကောင်စီ၏ ပြည်ထောင်စုနေ့ အခမ်းအနားပြင်ဆင်မှုကြောင့်ဖြစ်နိုင်ကြောင်း ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။
