တအာင်း(ပလောင်)ဒေသကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဝင်တစ်ဦးဖြစ်သည့် မန်တုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခ ကွယ်လွန်သွားကြောင်း တအာင်းဒေသ ကြားကာလ(ပအဖ)က ထုတ်ပြန်သည်။
ဦးအိုက်ခသည် ၂၀၂၀ ရွေးကောက်ပွဲတွင် တအာင်းအမျိုးသားပါတီကိုယ်စားပြုအဖြစ် မန်တုံမဲဆန္ဒနယ်၌ အနိုင်ရရှိခဲ့သူဖြစ်ပြီး မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီ ပြည်သူ့အာဏာ သိမ်းယူပြီးနောက်ပိုင်း တအာင်းဒေသ ကြားကလ(ပအဖ)တွင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်ဟုဆိုသည်။
တအာင်း(ပလောင်) ဒေသကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ဦးအိုက်ခသည် ယနေ့ နံနက် ၁နာရီခွဲခန့်တွင် ၉၆ ပါးရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု ပါရှိသည်။
ထိုသို့ ကွယ်လွန်သွားသည့်အပေါ် ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်း၊ တအာင်း ဒေသ ကြားကာပြည်သူ့အုပ်ချုပ်ရေး အဖွဲ့သည် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင် စနစ်ဟူသမျှ အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၁၅ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီးယင်းအနက်အချို့မှာ စစ်ကောင်စီ၏ ဖမ်းဆီးခံရစဉ် သတ်ဖြတ်ခံရခြင်းဖြစ်သည်။
