ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်ရှိ အမှတ်(၃) တူးမြောင်းတွင် စက်လှေတိမ်းမှောက်မှုတွင် ပျောက်ဆုံးနေသည့် ကလေးတစ်ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေကြောင်း မေတ္တာရှင်နာရေးကူညီမှုအသင်းမှတာဝန်ရှိသူက ပြောသည်။
ဇန်နဝါရီ ၂၆ရက် နံနက် ၁၁နာရီခန့်တွင် စက်လှေတိမ်းမှောက်မှုဖြစ်ခဲ့ပြီး စက်လှေပေါ်တွင်လိုက်ပါလာသူများ ကိုးဦးအနက် ကလေးနှစ်ဦးပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပျောက်ဆုံးနေသည့် ကလေးနှစ်ဦးအနက် တစ်ဦး၏ ရုပ်အလောင်းကို နေ့လည် ၁၂နာရီခွဲခန့်တွင် ရှာဖွေတွေ့ရှိခဲ့သောကြောင့် ဆားမလောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။
ယင်းဖြစ်စဉ်ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ဖေ့စ်ဘွတ်ခ်တွင်လည်း ဖော်ပြထားပြီး စက်လှေတိမ်းမှောက်သည့် အကြောင်းအရာ နှင့်ပတ်သက်၍ ဖော်ပြထားခြင်းမရှိသေးပေ။
