ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည်စထိမှန်၍ (၈)လအရွယ် ကလေးငယ်တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။
တောင်ငူခရိုင် ထန်းတပင်မြို့နယ်ရှိ ရွာသာယာကျေးရွာတွင် ယနေ့(ဇန်နဝါရီ ၁၇ရက်) နံနက် ၁၁နာရီခန့်က စစ်ကောင်စီတပ်ပစ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်။
“ကလေးခေါင်းကို မိုင်းစထိတာ။ လူမှုရေးအဖွဲ့တွေက ဆေးရုံပို့ခဲ့ပေမယ့် မရခဲ့ဘူး။ ကလေးက ဆုံးသွားပါတယ်”ဟု ထန်းတပင်မြို့ခံတစ်ဦးက ပြောသည်။
သေဆုံးသည့် ကလေးငယ်သည် (၈)လအရွယ်ယောင်္ကျားလေးဖြစ်သည်။ စစ်ကောင်စီတပ်သည် ဒေသတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်းဟု မြို့ခံများက ပြောသည်။
