မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ဇီးအုပ်ကွက်သစ်ရှိ နေအိမ်တွေကို ကျုးကျော်လို့သတ်မှတ်ပြီး ဒီနေ့မနက်ပိုင်းက ဘူဒိုဇာနဲ့ ဖယ်ရှားနေတယ်လို့ဒေသခံတွေက ပြောကြပါတယ်။
ပြည်ကြီးတံခွန်မြို့နယ် ၊ ၄၉ လမ်းနဲ့ လမ်း ၅၀ ကြား ၊ ၁၂၂ လမ်း နဲ့ ၁၂၅ လမ်းကြား မှာရှိတဲ့ ဇီးအုပ်ကွက်သစ်ကို ဘူဒိုဇာ ၂ စီး နဲ့ စစ်အုပ်စုအဖွဲ့ဝင်တွေရောက်လာပြီး နေအိမ်တွေဖျက်လို့ အိမ်ခြေ ၁၀၀ လောက်ဖျက်ခံရတယ်လို့ဒေသခံ တစ်ဦးကပြောပြပါတယ်။


” ချက်ချင်းပဲ မီးတိုင်တွေက ဓာတ်ကြိုးတွေကို ဖြုတ်ချပြီး အိမ်တွေကို ဘူဒိုဇာနဲ့ ထိုးချဖျက်သွားတာ”လို့ အဲဒီဒေသခံက ဆိုပါတယ်။

ရုတ်တရက် အိမ်ဖျက်ခံရတဲ့အတွက် ဒေသခံတွေ ကသိုက်ကရိုက် ဖြစ်ပြီး ပစ္စည်းတွေကို ရွှေ့ပြောင်းရာမှာအခက်အခဲကြုံရတယ်လို့သိရပါတယ်။
ဒီနေ့မနက်ပိုင်း ဖျက်ခံရတဲ့ အိမ်တွေထဲမှာ အိမ်ကြီးအိမ်ကောင်းတွေလည်း ပါဝင်တယ်လို့သိရပါတယ်။
