ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) တပ်ရင်းများရှိ ရဲဘော်များ၏ လှုပ်ရှားမှု ဓာတ်ပုံမြင်ကွင်းများကို မန္တလေး(PDF)က ယနေ့ ထုတ်ပြန်သည်။



နေရာဒေသ ဖော်ပြထားခြင်းမရှိသည့် တောတောင်နှင့် စမ်းချောင်းများ၌ PDF ရဲဘော်များ စစ်ရေးအတွက်ပြင်ဆင်လှုပ်ရှားနေသည့် ပုံများကိုတွေ့ရသည်။မန္တလေး PDF ရဲဘော်များအနေဖြင့် RPG၊ စနိုက်ပါ၊ ၄၀မမ နှင့် မောင်းပြန် သေနတ်များ ကိုင်ဆောင် စစ်ရေးလှုပ်ရှားနေသည်ကိုလည်းတွေ့ရသည်။

မန္တလေး PDF တွင် တပ်ရင်း ၅ရင်းရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီး ဌာနလက်အောက်ခံ တပ်ရင်းများဖြစ်သည်။


မကြာသေးမီကနေ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် မန္တလေး PDF တာဝန်ရှိသူများ တွေ့ဆုံပြီး ယခုနှစ်အတွင်း ပြုလုပ်မည့် စီမံချက်များ၊ စစ်ရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးဆုံးဖြတ် အတည်ပြုထားသည်။လက်ရှိ
တပ်ရင်း (၅)ရင်းရှိရာမှ တပ်ရင်းအသစ်များ တိုးချဲ့စုဖွဲ့သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
