စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေရာ Data for Myanmar စာရင်းတွေအရ ၂၀၂၂ ဒီဇင်ဘာလကုန်အထိ့မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ်ပေါင်း ငါးသောင်းခန့် (၄၈၄၆၃ လုံး)ရှိနေပါတယ်။ စစ်ကောင်စီတပ်အများဆုံးဖျက်ဆီးအကြမ်းဖက်တဲ့ဒေသက စစ်ကိုင်းတိုင်းဖြစ်ပါတယ် ။နေအိမ်ပေါင် ၃၆၆၆၇ လုံးမီးရှို့ဖျက်ဆီးခံထားရပါတယ်။ မကွေးတိုင်းမှာ နေအိမ် ၈၅၇၅လုံးနဲ့ ဒုတိယ ၊ ချင်းပြည်နယ်မှာ ၁၄၇၅ လုံးနဲ့ တတိယအများဆုံးမီးရှို့ဖျက်ဆီးခံထားရပါတယ်။
မြို့နယ်အလိုက်ဆိုရင် နေအိမ်ပေါင်း ၄၄၃၄လုံးဖျက်ဆီးခံရတဲ့ဒီပဲယင်းမြို့နယ်က အများဆုံးဖြစ်ပါတယ်။ နေအိမ် ၃၃၈၉ မီးရှို့ လုံးဖျက်ဆီးခံရတဲ့တန့်ဆည်မြို့နယ်က ဒုတိယအများဆုံး ၊နေအိမ် ၂၉၈၄ လုံးဖျက်ဆီးခံရတဲ့ပေါက်မြို့နယ် ကတတိယ အများဆုံး မီးရှို့ပြာချခံထားရပါတယ်။ ဒါပြီးရင် နေအိမ်ပျက်စီးဆုံးရှုံးမှုစာရင်းမှာနေအိမ် ၂၆၂၂ လုံးနဲ့ကန့်ဘလူမြို့နယ် ၊နေအိမ် ၂၄၇၀ လုံးဖျက်ဆီးခံရတဲ့ပုလဲမြို့နယ်တို့က အဆင့်လေးနဲ့ ငါးနေရာရပ်တည်နေပါတယ်။

စစ်ကောင်စီတပ်နဲ့နောက်လိုက်တွေကအကြမ်းဖက်မီးရှို့ဖျက်ဆီးနေတဲ့ အချက်အလက်တွေကို Data For Myanmar က စုစည်းပြီးမှတ်တမ်းတင်ပေးနေတာဖြစ်ပါတယ်။ ဒါတောင် အင်တာနက်နဲ့ဖုန်းလိုင်းဖြတ်တောက်ထားလို့ ၊ဆက်သွယ်ရေးခက်ခဲ့လို့သတင်းအချက်အလက်မရသေး
တဲ့၊အတည်ပြုဖို့ခက်ခဲနေတဲ့ဒေသတွေ ၊အချက်အလက်တွေကျန်နိုင်သေးပြီးမြေပြင်မှာ တစ်ကယ်မီးရှို့ခံရတဲ့စာရင်းက အခုထက်တောင်ပိုများနိုင်ပါတယ်။ ၂၀၂၂ ဒီဇင်ဘာလကုန်စာရင်းတွေအရ နိုင်ငံတစ်ဝန်း နေအိမ်အများဆုံးမီးရှို့ဖျက်ဆီးခံရတဲ့ မြို့နယ် ၂၀ ကိုPeople’s Spring ကအင်ဖိုဂရပ်ဖစ်နဲ့ဖော်ပြပေးလိုက်ပါတယ်။ မြို့နယ် ၂၀ မှာ စစ်ကိုင်းတိုင်းက၁၅ မြို့နယ် ၊မကွေးတိုင်းက ၄ မြို့နယ်နဲ့ ချင်းပြည်နယ်က ၁ မြို့နယ်ပါဝင်ပါတယ် ။
