တပ်သားအသစ်များ၏ သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေး (KNDF)တပ်ရင်း – ၈က ယနေ့ ထုတ်ပြန်သည်။
သင်တန်းဆင်း ရဲဘော်များက စစ်ရေးပြခြင်း၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်အလံတော်အား အလေးပြုချင်းများကို အဓိက လုပ်ဆောင်ခဲ့ကြောင်း အသိပေးသည်။





ဓာတ်ပုံမှတ်တမ်းအရ တပ်သားသစ်အရေအတွက်၂၀ဦးရှိပြီး သစ္စာရေသောက်၍ ကတိပြုနေသည်ကို တွေ့ရသည်။
KNDF တပ်ရင်း – ၈မှာ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်များ၌ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၏ တပ်ခွဲတစ်ခု ဖြစ်သည်။
ယမန်နှစ်အထိ ကရင်နီအမျိုးသားများကာကွယ် ရေးတပ်တွင် တပ်ရင်းပေါင်း ၂၂ ခုရှိပြီး အင်အား အရေအတွက်မှာ ၇,၀၀၀ ခန့်ရှိကြောင်းလည်း ဒေသတွင်း သတင်းရင်းမြစ်ဖြစ်သည့် တိုးတက်သောကရင်နီပြည်သူ့ အင်အားစုက ခန့်မှန်းထားသည်။
