အင်းစိန်ထောင်ကအကျဉ်းသူ၊ အကျဉ်းသားတွေကို နယ်ထောင်တွေဆီ ၂ ရက်ဆက်တိုက် ထောင်ပြောင်းတာတွေကို စစ်ကောင်စီက ပြုလုပ်နေပါတယ်။
မနေ့က ကား ၈ စီးနဲ့ အင်းစိန်ထောင်ကနေ သာယာဝတီထောင်ဆီ ထောင်ပြောင်းတာရှိခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာလည်း သာယာဝတီထောင်ဆီ ထပ်မံပြောင်းခံရသူတွေရှိနေတာလို့ အကျဉ်းဦးစီးဌာနက သတင်းရင်းမြစ်တစ်ဦးက ပြောပြပါတယ်။
ဒီနေ့မနက်ပိုင်း ပြောင်းခံရသူအရေအတွက်ကိုအတိအကျမသိရသေးပေမယ့် နွေဦးတော်လှန်ရေး အစောပိုင်းကာလတွေမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းခံရပြီး ထောင်ချခံထားရသူတွေပါတယ်လို့ စုံစမ်းသိရပါတယ်။
ဒီနေ့မနက်ပိုင်း သာယာဝတီထောင်ဆီ ပြောင်းခံရသူတွေထဲ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတွေပါ ကြပါတယ်။
စစ်ကောင်စီ ရဲ့ ပြည်ထဲရေးဝန်ကြီး အင်းစိန်ထောင်ကို ဇန်နဝါရီလ ၁၂ ရက်ကလာရောက်ပြီးတဲ့နောက် အခုလို ၂ ရက်ဆက်တိုက် ထောင်ပြောင်းတာတွေရှိလာတာပါ။
ဒါအပြင် PDF ၊ NUG နဲ့ ဆက်စပ်ပြီး ဖမ်းခံရသူတွေကို လွတ်ငြိမ်းတွေမှာ ထည့်မလွှတ်ဖို့အတွက်လည်း စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက စီစဉ်နေတယ်လို့အကျဉ်းဦးစီးအသိုင်းအဝိုင်းကနေ ပြောပြလာပါတယ်။
