မွန်ပြည်နယ်၊ ရေးခရိုင် ဒုစရိုက်နှိမ်နှင်းရေးခေါင်း ဆောင် ဒုရဲမှူးလှိုင်မင်းသန့်အား ရှင်းလင်းခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ –YGFက ယနေ့ အသိပေးထုတ်ပြန်သည်။
စစ်ကောင်စီ၏ ဒုရဲမှူးလှိုင်မင်းသန့်အား ယမန်နေ့ (ဇန်နဝါရီ ၁၁ရက်) ည ၈ နာရီ ၁၅မိနစ်ခန့်က ရေးမြို့နယ်၊ အောင်သုခရပ်ကွက် အုန်းတောအစု တွင် မိုင်းဖြင့်ခွဲကာ ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။
၎င်းတို့ရှင်းလင်းခဲ့သည် ဒုရဲမှူးလှိုင်မင်းသန့်သည်ပြည်သူများကို လက်နက်ပြ၊အနိုင်ကျင့်၊ခြိမ်း ခြောက် ငွေတောင်းခံနေသူဖြစ်ကြောင်း YGF က အသိပေးသည်။
“အောင်သုခရပ်ကွက် နုရတနာစားသောက်ဆိုင်နားမှာ ဗုံးပေါက်တာ။ သေတဲ့သူရှိလားဆိုတာတော့ မပြောတက်ဘူး”ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။
ယမန်နေ့ကလည်း မွန်ပြည်နယ် လမိုင်းမြို့နယ်၊နှစ်ကရင်ကျေးရွာရှိ စစ်ကောင်စီရဲစခန်းကို ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း YGF က အသိပေးထားသည်။
ထို့အပြင် CDMပြုလုပ်သူများနှင့် တော်လှန်ရေးရဲဘော်များအား အဓိကဒုက္ခပေးနေသည့် ရေးမြို့နယ် အထူးထောက်လှမ်းရေးဗိုလ်ကြီး ညီညီ ကိုလည်း ဇန်နဝါရီ ၉ရက်တွင် YGF က ရှင်းလင်းခဲ့သည်။
