မန္တလေး မဟာအောင်မြေမြို့နယ် ကျောက်ဝိုင်း နားက အမှိုက်ကန် အနီး ရပ်ထားတဲ့ Honda Fit ကားရဲ့ နောက်ဖုံးထဲမှာ အမျိုးသားတစ်ဦးကိုသတ်ဖြတ်ပြီးစွန့်ပစ်ထားတာ ကို မနေ့ကညပိုင်း ၈ နာရီဝန်းကျင်ကတွေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီကတဆင့်သိရပါတယ်။
မဟာအောင်မြေမြို့နယ် ၊သင်္ဂဇာချောင်းဘေးက အမှိုက်ကန်နား ရပ်ထားတဲ့ ကားပေါ် မှာ အမျိုးသားအလောင်းကိုတွေ့ခဲ့ကြတာပါ။

“ကားက ရပ်ထားတာကြာလို့ မသင်္ကာပြီးစစ်ဆေးရာကနေ တွေ့တာ” လို့ အလောင်းကို ရင်ခွဲရုံပို့ဆောင်ပေးခဲ့တဲ့ လူမှုကူညီရေးအဖွဲ့မှာပါဝင်သူတစ်ဦးကပြောပြပါတယ်။
သေဆုံးသူဟာ အသက် ၃၅ နှစ်ခန့်ရှိပြီး အသားဖြူ၊ ခန္ဓာကိုယ် ဝ ပြီး အရပ် ၅ ပေ ၅ လက်မခန့်ရှိကာ လည်ပင်းမှာ ကြိုးနဲ့ညှစ်ထားတဲ့ဒဏ်ရာ ၊မျက်နှာမှာ ထိုးကြိတ်ထားတဲ့ဒဏ်ရာဒဏ်ချက်တွေ တွေ့ရတယ်လို့သိရပါတယ်။
” ကျောက်သမားတစ်ဦးလို့လည်း သိရတယ်၊ သေဆုံးတဲ့ လက္ခဏာက အသတ်ခံထားရတာ” လို့ အလောင်းသယ်ရာမှာပါခဲ့သူတစ်ဦးကလည်း ပြောပြပါတယ်။
အလောင်းကို ကားနောက်ဖုံးထဲ တွေ့ရာမှာ အဝတ်တွေနဲ့အုပ်ထားတာလို့သိရပါတယ်။သေဆုံးသူဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ယခုအချိန်ထိ မသိရသေးပါဘူး။
