ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသမှာ ကျောင်းထိုင်ဆရာတော် နဲ့ PDF အဖွဲ့ခေါင်းဆောင်အပါအဝင် ၆ ဦးကို အရှင်ဖမ်းမိထားတယ်လို့ စစ်ကောင်စီက မနေ့ကညပိုင်းမှာ သတင်းထုတ်လာပါတယ်။
အင်းလေးဒေသမှာ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့ဝင်တွေကြား ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တိုက်ပွဲတွေဖြစ်ပြီးနောက် စစ်ကောင်စီဘက်က အခုလိုသတင်းထုတ်လာတာပါ။
စစ်ကောင်စီဖမ်းဆီးထားတဲ့ လူစာရင်းမှာ အင်းတိန်ကျေးရွာ အင်းတိန်ညောင်အုပ်ကျောင်းတိုက် ရဲ့ကျောင်းထိုင်ဆရာတော် ဥူးဇဝန ပါဝင်ပြီး လူဝတ်လဲထားတာတွေ့ရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း PDF အဖွဲ့ခေါင်းဆောင် ဆရာကျောင်းခေါ် ကိုဇော်ဇော်အောင်ကိုလည်း ဖမ်းမိထားတယ်လို့စစ်ကောင်စီက ဓာတ်ပုံတကွနဲ့ ဝါဒဖြန့်ထားပါတယ်။
ဒါအပြင် PDF အဖွဲ့ဝင်တွေဆိုပြီး အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၅ ဦးကို ဖမ်းဆီးထားတာတွေ့ရပါတယ်။စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာ PDF ၆ဦးကို အသေမိတယ်လို့လည်းဆိုထားပါသေးတယ်။
ရှမ်းပြည်နယ်အခြေစိုက် Shan News သတင်းဌာနရဲ့ဖော်ပြချက်အရ ဇန်နဝါရီလ ၃ ရက်က အင်းလေးအနောက်ဘက်ခြမ်း ၊ ဘုရားနီကျေးရွာနဲ့သန်းထောင်ရွာကြားမှာ စစ်ကောင်စီတပ်နဲ့အင်းလေး IPDF တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။
