တနင်္သာရီတိုင်း မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုန်ရှိ ငါးအမှုန့်ကြိတ်စက်ရုံတွင် မော်တာချိန်းကြိုးပြတ်၍ ကန်အတွင်းသို့ ဆင်းယူရာမှ အောက်ဆီဂျင်ပြတ်၍ လုပ်သားသုံးဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁၃ ရက် ည ၈နာရီခန့်တွင် ငါးကြိတ်ကန်အတွင်း မော်တာချိန်းကြိုးပြတ်၍ ဆင်းဆယ်ရာ အောက်ဆီဂျင်ပြတ်၍ ကန်အတွင်းသို့ အမျိုးသား ခြောက်ဦး ပြုတ်ကျခဲ့ကြောင်း သတင်းရရှိ၍ ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြောင်း မီးသတ်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အခင်းဖြစ်သည့်နေရာသို့ မြိတ်မြို့နယ်မီးသတ်နှင့်အတူ ရပ်ကွက် အရန်မီးသတ်များ နှင့် လူမှုကူညီရေး အဖွဲ့များက သွားရောက်ကူညီပေးခဲ့သည်ဟု ဆိုသည်။

“ပြုတ်ကျသွားသော ကျား(၆)ဦးအနက် ကျား(၃)ဦး အသက်ရှင်လျက် ကယ်ဆယ်ရရှိပြီးကျား(၃)ဦး (သေဆုံး) တို့အား လူမှုရေးအသင်းအဖွဲ့များမှ သူနာတင်ယာဉ်များဖြင့် မြိတ်ပြည့်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။” ဟု မီးသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။
