မန္တလေး ၊ချမ်းအေးသာစံမြို့နယ်ထဲက နဂါးနန်းတော် ရွှေဆိုင် ကို ဓားပြတိုက်ဖို့ ကြိုးပမ်းမှု မနေ့က ဒီဇင်ဘာလ ၂၅ ရက် နေ့ခင်ပိုင်းမှာဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေဆီကစုံစမ်းသိရပါတယ်။
အဲဒီရွှေဆိုင်ဟာ ချမ်းအေးသာစံမြို့နယ် ၊ကဉ္စနမဟီရပ်ကွက်၊ ၇၇ လမ်း၊ ၃၂ လမ်း နဲ့ ၃၃ လမ်းကြားမှာရှိပါတယ်။
မနေ့က နေ့ခင်းပိုင်း ၂ နာရီဝန်းကျင်မှာ ဆိုင်ထဲ ဝင်လာတဲ့အမျိုးသား ၁ဦးက သေနတ်ပြပြီး ဓားပြဝင်တိုက်တာလို့ စစ်ကောင်စီဘက်ကသတင်းထုတ်ပါတယ်။
ဒီအချိန်မှာဆိုင်ဝန်ထမ်းတွေက အော်ဟစ်အကူအညီတောင်းပြီး လုံးထွေးဖမ်းဆီးလို့ ဓားပြတိုက်ဖို့ကြိုးပမ်းတဲ့အမျိုးသား ဖမ်းခံလိုက်ရတယ်လို့လည်း စစ်ကောင်စီက ဆိုထားပါတယ်။
မန္တလေးဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ရွှေဆိုင်တွေအပြင်နေအိမ်တွေမှာပါ ဓားပြတိုက် လုယက်တာတွေ မကြာခဏဆို ဖြစ်ပွားနေတာပါ။
ပြီးခဲ့တဲ့ ၅ ရက်ခန့်က မောသစ်ရွှေဆိုင်ပိုင်ရှင် နေအိမ်က အထွက်မှာတင် ဓားပြတိုက်ခံရပါသေးတယ်။
