စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် ကင်းပုန်းချရန် မုံရွာမြို့မှထွက်လာသော စစ်ကောင်စီတပ်၏ ယာဉ်နှစ်စီးအား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ People’s Defence Force – South Monywa၏ တာဝန်ခံ ဒေါင်းကာရံက ပြောကြားသည်။
ယမန်နေ့(ဒီဇင်ဘာ ၂၃ ရက်) နံနက် ၇ နာရီ ၄၀မိနစ်ခန့်က မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်မုံရွာမြို့မှ ကင်းပုန်းချရန်ထွက်လာသော စစ်ယာဉ်နှစ်စီးအား မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ ပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း PDF-South Monywa၏တာဝန်ခံ ဒေါင်းကာရံက ပြောကြားသည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲဝင် သုံးဦးသေဆုံးပြီး ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးငယ် များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိကြောင်း ဒေါင်းကာရံက ပြောသည်။
ဖြစ်စဥ်တွင် စစ်အုပ်စု၏ အထိအခိုက်အခြေအနေများအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။
မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းများအား မကြာခဏတိုက်ခိုက်နေပြီး စစ်အုပ်စုယာဥ်တန်းနှင့်အတူ ပြည်သူများလိုက်ပါလာခြင်းမပြုကြရန် Pdfအဖွဲ့များက သတိပေးထားသည်။
