စစ်ကောင်စီ က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ လက်ကျန် အမှု ၅ မှု ကိုဒီနေ့မှာ အပြီးသတ်လျှောက်လဲချက်ပေးတော့မှာပါ။
နေပြည်တော်အချုပ်ထောင်တွင်း စစ်ကောင်စီတရားရုံးမှာ လျှောက်လဲချက်ပေးမှာဖြစ်ပြီး အမှု ၅ မှုဟာ ထောင်ဒဏ် ၁၅ နှစ်ထိ ကျလို့ရတဲ့ အဂတိပုဒ်မတွေဖြစ်ပါတယ်။
ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတ ဦးဝင်းမြင့်ကိုလည်း အမှုတွဲထားပါသေးတယ်။
အမှုတွေကတော့ NLD အစိုးရ လက်ထက် ရဟတ်ယာဉ် ဌာရမ်းတာ ၊ဝယ်ယူရာမှာ နိုင်ငံ့ဘဏ္ဍာငွေထိခိုက်တယ်ဆိုပြီး အဂတိပုဒ်မတွေနဲ့ စစ်ကောင်စီက တရားစွဲထားပါတယ်။
အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ NLD ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ အစိုးရအဖွဲ့ရုံးဝန်ကြီးဦးမင်းသူတို့သက်သေထွက်ဆိုပေးထားပါတယ်။
လက်ကျန်အမှုတွေကို အပြီးသတ်လျှောက်လဲချက်ပေးပြီးနောက် လာမယ့် နှစ်ဆန်းပိုင်း ဇန်နဝါရီလထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ်အမိန့်ချဖို့ရှိနေပါတယ်။
လက်ရှိအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၄ မှုနဲ့ ထောင်ဒဏ် ၂၆ နှစ် ချပြီး နေပြည်တော်အချုပ်ထောင်မှာအကျဉ်းချထားပါတယ်။
