ရွှေဘိုမြို့နယ်အတွင်းရှိ လမ်းပိုင်းသုံးခုကို ည ၈ နာရီမှ မနက် ၅ နာရီအတွင်း ပြည်သူများ သွားလာခြင်းမပြုကြရန် နတ်တောင်နဂါး(ပကဖ)ပြောက်ကျားတပ်ဖွဲ့မှယနေ့(သြဂုတ် ၅)ရက် ညပိုင်းတွင် အသိပေးထုတ်ပြန်သည်။
အဆိုပါလမ်းပိုင်းများမှာ ရွှေဘို့မြို့နယ် တောင်ဘက်ခြမ်းရှိ ရွှေဘို – မန္တလေးလမ်း၊ ဟံလင်း – ဆိုင်နိုင်ကွေ့လမ်းနှင့်ဆိုင်နိုင်ကွေ့. – ကျောက်တိုင်လမ်းပိုင်းများဖြစ်ပြီး ပြည်သူများမှ လုံးဝ(လုံးဝ) အသုံးပြုသွားလာခြင်းမပြုလုပ်ကြရန် အသိပေးကြေညာသည်။
“စကစ စစ်ကြောင်းကကျောက်တိုင်ရွာကနေ့အရှေကိုထွက်ဖို့လုပ်နေတယ်သတင်းရလို့ခုလို့ထုပ်ပြန်တာပါ”ဟု နတ်တောင်နဂါး(ပကဖ)ပြောက်ကျားတပ်ဖွဲ့မှ တော်လှန် ရေးရဲဘော်တစ်ဦးက ပြောသည်။
ဤ သတိပေးထုတ်ပြန်ချက်ကို မိဘပြည်သူများမှတသွေမတိမ်း လိုက်နာဆောင်ရွက်ပေးကြပါရန်လည်း နတ်တောင်နဂါတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။
အထက်ပါလမ်းပိုင်းများအား ကန့်သတ်အချိန်များတွင်ပြန်လည်အသုံးပြုနိုင်မည့် အချိန်အား ပြန်လည်အသိပေးသွားမည်ဖြစ်ပြီး ထိုအသိပေးချက် ပြန်လည်မထုတ်ပြန်မချင်း ကန့်သတ်ချက်အားလိုက်နာပေးကြရန် ထပ်မံအသိပေးထားသည်။
