ရန်ကုန်မြို့ မြောက်ဥက္ကလာ၊ မြောက်ဒဂုံနှင့် မင်္ဂလာဒုံတို့မှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်သုံးဦးကို တစ်ရက်တည်းသုတ်သင်ရှင်းလင်းခဲ့ကြောင်း Yangon People’s Defense Force(Bahan)က ယနေ့(သြဂုတ် ၄)အသိပေးထုတ်ပြန်သည်။
အဆိုပါ စစ်ရေးပစ်မှတ်များအား တိုက်ခိုက်မှုကို သြဂုတ် ၁ ရက်က မြို့နယ်သုံးခုလုံးတွင် တပြိုင်နက် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး YPDF(Bahan)နှင့်အတူ Yangon North Oakkalapa Revolution(ygnnoprv) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။
“သုံးကောင်လုံးတော့ သေသွားပါပြီ။ (သြဂုတ်) ၁ ရက်နေ့ထဲက လုပ်တာပါ။ အခြေအနေကြည့်ရင်း ဒီနေ့မှစာထုတ်လိုက်တာ”ဟု YPDF(Bahan)မှ တာဝန်ခံ တော် လှန်ရေးရဲဘော်က ပြောသည်။
အထက်ပါ စစ်ကောင်စီလက်အောက်ခံ ရဲသုံးဦးအား သုတ်သင်ရှင်းလင်းရာတွင် မဂ်လာဒုံမြို့နယ်မှ ရဲတစ်ဦးကိုအနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျန်ရဲနှစ်ဦးအား သုတ်သင်ခဲ့သည့်အခြေအနေကိုမူ လုံခြုံရေးအရ ဖွင့်ချပြရန် အဆင်မပြေကြောင်းတာဝန်ခံရဲဘော်က ရှင်းပြသည်။
YPDF(Bahan)နှင့် မဟာမိတ်အဖွဲ့အနေဖြင့် လုံခြုံ ရေးအခြေအနေများအရ စစ်ရေးတိုက်ခိုက်မှုပြုလုပ်ပြီး လေးရက်မြောက်တွင်မှ အသိပေးထုတ်ပြန်ရသည့်အပေါ် ပြည်သူအား တောင်းပန်ထားပြီး ၎င်းတို့အနေဖြင့် အချိန်တစ်ခုရောက်သည့်အခါ ရှင်းလင်းလိုက်သော ရဲများ၏ ဌာနနှင့် အမည်များကို ထုတ်ပြန်ပေးသွားမည်ဟု အသိ ပေးထားသည်။
