စစ်ကိုင်းတိုင်း၊ ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းအားသြဂုတ်လ၅ ရက်နေ့မှစ၍ ၈ ရက်နေ့အထိ လေးရက်ကြာ ဖြတ်သန်းခွင့်ယာယီပိတ်ထားမည်ဖြစ်ကြောင်း ဒေသတွင်း နတ်တောင်နဂါး (ပ က ဖ) ပြောက်ကျားတပ်ဖွဲ့ကသတိပေးကြေညာသည်။
သြဂုတ်လ ၅ ရက်နေ့ နံနက် ၆ နာရီမှ ၈ ရက်နေ့ နံနက် ၆ နာရီအထိ ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းအား သွားလာအသုံးပြုခြင်း လုံးဝ မပြုလုပ်ရန် နတ်တောင်နဂါး (ပ က ဖ) ပြောက်ကျားတပ်ဖွဲ့က ယနေ့သြဂုတ်လ၃ရက်နေ့တွင် အသိပေးသည်။
သတိပေးထုတ်ပြန်ချက်ကို ပြည်သူများ လိုက်နာဆောင်ရွက်ပေးကြရန် နတ်တောင်နဂါး (ပ က ဖ) ပြောက်ကျားတပ်ဖွဲ့က အထူးမေတ္တာရပ်ခံသည်။

ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း ယာယီပိတ်ရခြင်းနှင့်ပတ်သက်၍ နတ်တောင်နဂါး(ပ.က.ဖ) ပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ရွှေဘို-ကျောက်မြောင်းလမ်းသည် ရွှေဘိုမြို့မှ အရှေ့ဘက် ရွှေဘိုခရိုင်အရှေ့ခြမ်း စစ်ကိုင်းတိုင်းနယ်ဆုံးရာ ကျောက်မြောင်းသို့ ဆက်သွယ်ထားသည်။
သြဂုတ်လ၁ရက်နေ့က ရွှေဘိုခရိုင်၊ ကျောက်မြောင်းအနီး ၊ဧရာဝတီမြစ်ဘေးရှိမခေါက်ရွာတွင်တပ်စွဲထားသော အကြမ်းဖက်စစ်တပ်နှင့် ပျူအင်အား ၅၀ခန့်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကြောင်း နတ်တောင်နဂါး(ပကဖ) ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
