ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဇူလိုင် ၂၃ ရက်ကစလို့ မတွေ့ရတော့ပါဘူး။
စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်လအနည်းငယ်အကြာကစပြီး မြို့တော်ခန်းမရှေ့က လမ်းကို ဖြတ်သန်းခွင့်မပေးတော့သည်အထိ လုံခြုံရေးတင်းကြပ်ခဲ့တာပါ။
အဲဒီအချိန်ကတည်းက စစ်ကားတွေနဲ့အတူ သဲအိတ် အကာအရံတွေကြားထဲမှာ စစ်ကောင်စီတပ်တွေက နေ့ညမပြတ်ရှိခဲ့ပါတယ်။
ဇူလိုင် ၂၃ ရက်ကစပြီးတော့ စစ်ကောင်စီဝင်တွေ တစ်ယောက်မှကို မတွေ့ရတော့သလိုတဲ့ ကားတွေလည်း တစ်စီးမှကိုမရှိတော့ပါဘူး။
စစ်ကောင်စီတပ်ဖွဲ့တွေမရှိတော့ပေမယ့် အရင်ကာရံထားတဲ့ လမ်းပေါ်က အတားအဆီးတွေကိုတော့ ဒီအတိုင်းပဲထားထားပါတယ်။
