ကလေးမြို့တွင် စစ်ကောင်စီတပ်ကိုနှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ရာစစ်သား ၂၀ကျော်သေဆုံးခဲ့ကြောင်း PDF(ကလေး) က ယနေ့ထုတ်ပြန်သည်။
ကလေးမြို့ တွင်တာဟန်းရပ်ကွက်နှင့် ကလေးမြို့တောင်ပိုင်း၊ ချောင်းမြောင်းတံတားအနီးတို့တွင် PDF(ကလေး)က စစ်ကောင်စီတပ်အား ယနေ့(သြဂုတ် ၅) နှစ်ကြိမ်တိုင်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဖော်ပြထားသည်။ သြဂုတ် ၃၊၄ ရက်တိုက်ပွဲများတွင် အကြမ်းဖက်စစ်တပ် ၃၀ ကျော်သေဆုံးပြီးနောက် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။
ကလေးမြို့တာဟန်းရပ်ကွက်တွင် ကျန်စစ်သားလမ်းမှ တောင်ဖီလာရပ်ကွက်ကို ဦးတည်လာသည့် စစ်ကောင်စီတပ် ၏ကားနှစ်စီးကိုသြဂုတ် ၅ ရက်မနက် ၉နာရီခွဲခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ဦးနေရာတင်ပွဲချင်းပြီးသေဆုံးခဲသည်။ကဖန် လေးဦးမှာလည်းဆေးရုံပို့စဉ်သေဆုံးခဲ့ကြောင်းPDF(ကလေး)ကအသိပေးထားသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်စစ်ကောင်စီတပ်က ရမ်းကားပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။
အလားတူ ကလေးမြို့တောင်ပိုင်း၊ ကမ်းပါးနီတံတားအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည်ချောင်းမြောင်းတံတားဘက်သို့ အင်အား ၃၀ခန့်ဖြင့်စစ်ကြောင်းချီလာသည်။ အဆိုပါစစ်ကောင်စီတပ်သည်PDF(ကလေး)ထောင်ထားသည့် မိုင်းကိုတွေ့သဖြင့် ဖြုတ်နေစဉ် မိုင်းဆွဲတိုက်ခိုက်လိုက်သောကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရခဲ့သည်ဟုပါရှိသည်။
သေဆုံးသွားသည့် စစ်ကောင်စီတပ်သားအလောင်းများနှင့် ဒဏ်ရာရသူများကို နံနက် ၁၀ခွဲခန့်တွင်စစ်တပ်က ရဟတ်ယာဉ်တစ်ဦးဖြင့် လာရောက်သွယ်ဆောင်သွားသည်ဟု ဖော်ပြထားသည်။

သာယာကုန်းရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်က သာယာကုန်းရွာကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ့ ၃ဦးကိုသတ်ဖြတ်သွားသည်။ ထို့အပြင် ပြည်သူ ၃၀ခန့်ကိုလည်း ဖမ်းဆီးထားသည်ဟု PDF(ကလေး)ကဆိုသည်။ ထိုအတူ ရာဇဂြိုလ်ကျေးရွာကို စစ်ကောင်စီတပ်များက ဩဂုတ် ၄ ရက်ဝင်ရောက်ပြီး ယနေ့ မနက်ပိုင်းတွင်း ကျေးရွာကိုမီးရှို့ဖျက်ဆီးကာ ပြည်သူတစ်ဦးကို ပစ်သတ်ခဲ့သည်ဟုလည်းသိရသည်။ သြဂုတ် ၄ ရက်က ကလေး-တမူးလမ်းတွင်စစ်ကောင်စီတပ်ယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး နေရာတွင်ပင် ၂၀ ခန့်သေဆုံးပြီးနောက်စစ်ကောင်စီ တပ်က ရာဇဂြိုလ်ကျေးရွာကိုဝင်ရောက်အကြမ်းဖက်နေခြင်းဖြစ်သည်။
ကလေးမြို့နယ်တွင် သြဂုတ် ၃၊၄ ရက်တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၃၀ ကျော်သေဆုံးခဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ မှ ၃ ဦးကျဆုံးခဲ့သည်။
ကလေးမြို့နယ်အတွင်း စစ်ရေးတင်မာနေခြင်းကြောင့် ပြည်သူများအနေဖြင့်သတိထားသွားလာကြရန်လည်းPDF(ကလေး)က မေတ္တာရပ်ခံထားသည်။
