တအာင်းတပ်မတော်(TNLA) တပ်မဟာ (၂) စစ်ဒေသအတွင်းရှိ နမ့်ဆန်မြို့နယ်နှင့် မိုင်းငေါ့မြို့နယ်တွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးမှု၊ ခိုးဆိုးလုယက်မှု များပြားလာခြင်းကြောင့် လုံခြုံရေးဂိတ်များထပ်မံတိုးမြှင့် ထားလိုက်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးက ယနေ့ သတင်းဖော်ပြသည်။
နမ့်ဆန်မြို့နယ်တွင် (၁) နေရာနှင့် မိုင်းငေါ့မြို့နယ်တွင် (၄) နေရာထပ်မံတိုးမြှင့်ထားလိုက်ပြီး စောင့်ကြည့်စစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။


နမ့်ဆန်မြို့နယ်တွင် တစ်ပတ်အတွင်း အနည်းဆုံး ဆိုင်ကယ် နှစ်စီးထက်မနည်း ခိုးခံရပြီး မိုင်းငေါ့မြို့နယ်တွင် နေ့စဉ်နှင့်အမျှ ဆိုင်ကယ်ပျောက်ဆုံးနေကြောင်း နယ်ခံများ၏တိုင်ကြားမှုများကို ရရှိခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် လုံခြုံရေးဂိတ်များ ထပ်တိုးထားရခြင်း ဖြစ်သည်ဟု အသိပေးထားပြီး ကျေးရွာအတွင်း လူအဝင်၊ အထွက်နှင့် ဒေသခံပြည်သူလူထု၏ လုံခြံရေးကိစ္စရပ်များကိုသာ အဓိက ဆောင်ရွက်သွားမည်ဟု ဆိုသည်။
