မကွေးတိုင်း၊ မြိုင် – ပခုက္ကူလမ်းပိုင်းအား ရဟန်းသံဃာများ ဖြတ်သန်း သွားလာခြင်းမပြုပါရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့-မြိုင်က လျှောက်ထားတင်ပြသည်။
မြိုင်(ပကဖ)က ယနေ့ (သြဂုတ် ၄ရက်)ညပိုင်းတွင် အရေးပေါ်သတိပေး ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများ သည် မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာတွင် ရဟန်းသံဃာ အယောင်ဆောင်များဖြင့် ဝင်ရောက်၍ ဒေသခံပြည်သူ ၂၇ ဦးခန့် ဖမ်းဆီးထားကြောင်း၊ PDF များကိုမဖော်ပါက အိမ်မီးရှို့ပစ်မည်၊ သတ်ပစ်မည်၊ အရေးယူမည် စသည့်စကားရပ်များဖြင့် ခြိမ်းခြောက်ကာ ပြောဆိုထိန်းသိမ်းခံထားရကြောင်း မြိုင်(ပကဖ)၏ ထုတ်ပြန်ချက်တွင် အသိပေးသည်။
သာသနာကို အတုအယောင်ပြု၍ လုပ်ဆောင်နေမှုအပေါ် ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်၍ ရဟန်းသံဃာများအနေဖြင့် မြိုင်-ပခုက္ကူ လမ်းပိုင်းအား အသုံးမပြုစေလိုကြောင်းနှင့် ဆရာတော်ဘုရားများအား ဖြတ်သန်းသွားလာမှု ရှောင်ကျဥ်ပေးပါရန် မြိုင်(ပကဖ)က လျှောက်ထားသည်။
ပြည်သူများလည်း ကူညီသည့်အနေဖြင့် လိုက်နာပေးပါရန် မြိုင်(ပကဖ)က အသိပေးသည်။
