မန္တလေးတိုင်း ရမည်းသင်းမြို့နယ်တွင် CDM ပြုလုပ်ထားသည့် စစ်သား သစ္စာဖောက်၍ ယာယီစခန်း စီးနင်းဖျက်ဆီးခံရပြီး လက်နက်ခဲယမ်းနှင့် ရိက္ခာများအပါအဝင် ကျပ်သိန်း ၂၀၀ကျော်ခန့် ဆုံးရှုံးခဲ့ကြောင်း Y-PDF Yamethin က သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇူလိုင် ၃၀ရက် မွန်းလွဲ ၂နာရီခန့်က ရမည်းသင်းမြို့နယ်၊ အင်တိုင်း ကျေးရွာအနီးရှိ လင်းယုန်နက် ဦးဆောင်သည့် Y-PDF Yamethin ယာယီစခန်း အား အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခြင်းခံခဲ့ရသည်။

ဖြစ်စဥ်မှာ ထိုနေ့ညနေတွင် စစ်ဆင်ရေးပြုလုပ်ရန် အသီးသီးတာဝန်ခွဲဝေ ပြင်ဆင်နေချိန် စွန်ရဲ(ခ)Kaung sat အကောင့်ပိုင်ရှင် ကောင်းဆက်လွင် (CDM စစ်သား)သည် သစ္စာဖောက်၍ ထွက်ပြေးသွားသည်ဟု Y-PDF Yamethin၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထွက်ပြေးသွားသူစစ်သားသည် စစ်ကောင်စီတပ်အား လမ်းပြခေါ်ယူခဲ့ရာ အဖွဲ့မှာ လူစုခွဲ အလုပ်လုပ်နေချိန်ဖြစ်သောကြောင့် လူအင်အား၊ လက်နက် အင်အားမမျှတသဖြင့် စခန်းစွန့်ခွာ တိမ်းရှောင်ခဲ့ရကြောင်း Y-PDF Yamethinက အသိပေးသည်။


ယင်းစခန်းကျဆုံးမှုကြောင့် လက်နက်ခဲယမ်း ၊ ရိက္ခာများနှင့် ဆိုင်ကယ်(၃)စီး အပါအဝင် ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း Y-PDF (Yamethin)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖြစ်စဥ်နှင့်ပတ်သက်ပြီး Y-PDF Yamethinထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။
