အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေယာဉ် သ င်္ဘောတစ်စီးအပါအဝင် ရေယာဥ်သုံးစီးမှာ ချင်းတွင်းမြစ်အထက်သို့ ဆန်တက်လာနေ၍ မြစ်ရိုးတစ်လျှောက်ရှိ ဒေသခံပြည်သူများ သတိပြုနေထိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်သည်။
ယနေ့(သြဂုတ် ၄ ရက်) နံနက် ၉ နာရီခန့်ကစ၍မုံရွာမြို့နယ် အလုံမင်းဒေါင့်၊ စစ်ပင်ဆိပ်ကမ်းများမှ ထွက်လာသည့် စစ်ကောင်စီရေယာဥ်များသည် တပ်ကူအဖြစ် ထပ်မံတက်လာခြင်းဟု ဆိုသည်။
“သတင်းထောက်လှမ်းထားတာတော့ အင်အား ၁၀၀ ကျော်လောက်ပါတယ်။ လက်နက်၊ခဲယမ်းတစ်ချို့ပါတယ်။ ခန္တီးအထိ တက်မယ်လို့သိရတယ်”ဟု KLG PDF တာဝန်ရှိသူက People’s Springသို့ ပြောသည်။
စစ်ကိုင်းအထက်ပိုင်းရှိ ဟုမ္မလင်းမြို့သို့ စစ်လက် နက်ရိက္ခာဖြည့်တင်ရန် စစ်ကောင်စီက ချင်းတွင်းမြစ်ကြောင်းမှနေ၍ ဇူလိုင် ၁၈ ရက်ကစ၍ စစ်ရေယာဥ်များကိုပါ အင်အား ဖြည့်တင်းခဲ့သည်။
ထို့ကြောင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဇူလိုင် ၁၈ ရက်ကစ၍ ၂၀ ရက်အထိ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး နောက်စစ်ကောင်စီတပ်မှ သေဆုံးသူ ဆယ်ဂ ဏန်းအထက်ရှိခဲ့ပြီး သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားရုပ်အလောင်းတစ်ခုမှာ ချင်းတွင်းမြစ် ကြောင်း၌ မျောပါသည်ကို တွေ့ရှိခဲ့ရသည်။
အဆိုပါတိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီ၏ ရယာဥ်အုပ်စုမှာ လက်ရှိတွင် ဖောင်းပြင်မြို့သို့ရောက်ရှိနေပြီဟု သိရသည်။
လက်ရှိစစ်ရေးအခြေအနေကြောင့်လည်း ချင်း တွင်းမြစ်ကြောင်း အစုန်၊အဆန် လမ်းကြောင်း အားလုံး ရက်အကန့်အသတ်မရှိ မည်သည့်မော်တော်ယာဥ်မှ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း နဂါးညီနောင်တပ်ဖွဲ့(DBTF)က ထုတ်ပြန်ထားသည်။
