ပင်လည်ဘူးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက် ဆက်သွယ်ရေး ပစ္စည်းများ လိုအပ်နေ၍ ထောက်ပံ့လှူဒါန်းပေးကြရန် တော်လှန်ရေးအင်အားစု များက အကူအညီ တောင်းခံသည်။
ပင်လယ်ဘူးမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန် ရေးစာမျက်မှာဖြစ် သော Pinlebu Revolution – PRမှတစ်ဆင့် ပြည်သူလူထု ထံ ယနေ့ ထုတ်ပြန်အသိပေးခြင်း ဖြစ်သည်။
” ရဲဘော်များရဲ့ ဆက်သွယ်ရေးပစ္စည်းခက်ခဲမှုက ပစ္စည်းအဟောင်းများရှာပြီး၊နှစ်လုံး တစ်လုံး၊ သုံးလုံး တစ်လုံးပေါင်းပြင်ပြီး အသုံးပြုနေကြရတာပါ။တိုက်ပွဲမှာ အောင်နိုင်ဖို့ဟာရန်သူ့ထက် ခြေတစ်လှမ်းသာဖို့လိုပါတယ်။ ရန်သူ့ထက် ခြေတစ်လှမ်းသာဖို့ကလည်း သတင်းဆက်သွယ်ထောက်လှမ်းရေးက အဓိကကျပါတယ်”ဟု Pinlebu Revolution – PRက ထုတ်ပြန်ထားသည်။


လတ်တလောတွင် ဆက်သွယ်ရေးစက် အလုံးရေ ၅၀ခန့်အရေးပေါ်လိုအပ်နေ သည်ဟု ဆိုသည်။ ဆက်သွယ်ရေးစက်တစ်လုံးလျှင် နှစ်သိန်းကျပ်ခန့်မှစ၍ အရည်အသွေးအလိုက် အစားစားရှိကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော် တစ်ဦးက ပြောသည်။
ပင်လည်ဘူးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ဆက်သွယ်ရေး စက်များ လှူဒါန်းလိုပါက Pinlebu Revolution – PR၏ လူမှုကွန်ရက်စာမျက်နှာ
https://www.facebook.com/Pinlebu-Revolution-PR-107181725124440/
မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
