●လက်နက်တစ်လက်နှင့်ကျည်ဆံများယူဆောင်လာ၍ကျပ်သိန်း၈၀ ချီးမြှင့်ပြီးလွတ်မြောက်နယ်မြေသို့ပို့ပေး
မင်းတပ်မြို့ ခလရ -၂၇၄ တပ်ရင်းမှ တပ်သား တစ်ဦး လက်နက်နှင့် အတူ CDM ပြုလုပ်လာကြောင်း ကျောက်ထုPDF က ယနေ့(ဇူလိုင် ၂၀ ရက်)တွင် ထုတ်ပြန်သည်။
ကိုယ်ပိုင်နံပါတ် ( တ/ ၅၇၁၅၇၄ )တပ်သားဟိန်းမင်းနိုင် သည် MA-1 တစ်လက်၊ ကျည် ပေါက် ၅ခု ၊ကျည်ဆံ၂၇၀ တောင့် နှင့်အတူ ဇူလိုင် ၁၈ ရက်က ကျောက်ထုPDF နှင့်ချိတ်ဆက်လာခဲ့ခြင်းဟု ဖော်ပြထားသည်။

CDM ပြုလုပ်လာသောတပ်မတော်သားကိုဆုကြေးငွေကျပ်သိန်း( ၈၀ )ချီးမြှင့်ပြီးလွတ်မြောက်နယ်မြေသို့ပို့ဆောင်ပေးလိုက်ကြောင်းကျောက်ထုPDF(YRPA)သတင်းနှင့်ပြန်ကြားရေးက ယနေ့(ဇူလိုင် ၂၀ရက်)သတင်းထုတ်ပြန်သည်။
“ကျွန်မတို့ဆီကို ဆက်သွယ်ပြီး CDM လုပ်လာတာ။လွတ်မြောက်နယ်မြေကို ပို့လိုက်ပါပြီ။ လက်နက်ပါလာတဲ့အတွက်လည်း ဆုကြေးငွေး သိန်း ၈၀ ချီးမြင့်ခဲ့ပါတယ်” ဟုကျောက်ထုPDF(YRPA)သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထပ်မံ၍လည်းပြည်သူနှင့်အတူပူးပေါင်းလိုသူ၊CDM ပြုလုပ်လိုသူ စစ်သား၊ရဲသားများအနေဖြင့်ကျောက်ထုPDF(YRPA)သို့အချိန်မရွေး ဆက်သွယ်ချိတ်ဆက်နိုင်ပါသည်ဟုလည်း ထပ်မံအသိပေး ထားသည်။
ဇူလိုင်၁၀ရက်ကလည်းချင်းပြည်နယ် စစ်ကြောင်းတွင်ပါဝင်လာသည့် အရှေ့တောင်ပိုင်းစစ်ဌာနချုပ် ခမရ ၅၁၂ မှတပ်သား ဇင်လင်းအောင်သည် CDF-Mindat ထံ လက်နက်ခဲယမ်းအချို့နှင့်အတူ အလင်းဝင်လာခဲ့သည်။
