မကွေးတိုင်း ရေစကြိုမြို့နယ် ပခန်းငယ်ရဲကင်းစခန်းမှ ရဲတပ်သားတစ်ဦး CDM ပြုလုပ်လာကြောင်း မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေးတပ်ဦး(MVRF)က ယနေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။
ပခန်းငယ် ရဲစခန်းမှ ရဲတပ်သား အောင်ကျော်သူသည် ဇွန်လ ၂၂ရက်တွင် CDM ပြုလုပ်ပြီး ပြည်သူလူထုဘက် ဝင်ရောက်ပူးပေါင်းလာခြင်းဖြစ်သည်ဟု အသိပေးထားသည်။
CDM ပြုလုပ်လာသည့် ရဲတပ်သားကို လေးစားကြောင်းနှင့် စစ်ကောင်စီတပ်များ တပ်ပျက်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
လတ်တလောတွင် ရေစကြိုနယ်နှင့် မြို့နယ်တို့တွင် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြားမကြာခဏ တိုက်ပွဲဖြစ်ပွားမှုများရှိနေသည်။
