ကရင်ပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းမှ ရဲဘော်များက ယနေ့ (ဇူလိုင် ၁၉) ကျရောက်သည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။
PDF ရဲဘော်များက အာဇာနည် ၉ ဦးနှင့်တကွ ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးသွားသော တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များမှ အာဇာနည်များ၊ နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည်များကို အလေးပြုခြင်း ၊ မိုးပေါ်သို့ သေနတ်ပစ်ဖောက်၍ ဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။





ထို့အပြင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) မှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြား၍ စစ်ကြောင်းမှူးက အမှာစကားပြောကြားခဲ့ပြီး ကဗျာဆရာ သစ်သွင်မှူးက အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာကို ဖတ်ကြားခဲ့သည်။
ယင်းအခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဒေါနစစ်ကြောင်း တပ်ရင်း၊ တပ်ခွဲ အသီးသီးမှ ရဲဘော်များ တက်ရောက်ခဲ့ကြသည်။
