ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းခုံးကျော်တံတားတွင် ယနေ့ (ဇူလိုင် ၁၉) အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဗမာ့လူငယ်ကွန်ရက် (ဗလက) မှ တော်လှန်လူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းအား ရေးသား၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
လူငယ်များက “အာဇာနည်မျိုး သေရိုးမရှိ” ဟူသော စာသားကို လှည်းတန်းခုံးတံတားဘေးတွင် ဆေးအနီဖြင့် ရေးသား၍ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

ယနေ့တွင် ရန်ကုန်မြို့၌ အကြမ်းဖက် စစ်ကောင်စီဝင်များက လှည့်ကင်းကားများ တင်းကြပ်စွာ လှည့်လည်နေသော်လည်း လူငယ်များက ပုံစံမျိုးစုံဖြင့် အာဇာနည်နေ့ ဂုဏ်ပြုအထိမ်းအမှတ် ဆန္ဒပြခဲ့ကြသည်။
