ဒီနေ့မှာကျရောက်တဲ့ ၇၅ နှစ်မြောက် အာဇာနည်နေ့မှာ မန္တလေးမြို့ပေါ်က နေရာအများစုမှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခြေရှုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
လူစည်ကားရာနေရာတွေမှာ စစ်ဆေးတာတွေရှိနေသလို ဆိုင်ကယ်တွေကို အသေးစိတ်စစ်ဆေးနေတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
မနက် ၈ နာရီလောက်ကတည်းကစတင်ပြီး မြို့ပေါ်နေရာအနှံမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လုံခြုံရေးချထားတွေ့ရတယ်လို့သိရပါတယ်။
အာဇာနည်နေ့မတိုင်ခင်က မန္တလေးမှာ အာဇာနည်နေ့အကြို ပြောက်ကြားသပိတ်ရှိခဲ့သလို စစ်အုပ်စုဟာ မြို့ပြပြောက်ကြားအဖွဲ့တွေတည်းခိုရာနေရာ ၂ ခုကို ဇူလိုင်လ ၁၇ ရက်ဝင်ရောက်စီးနင်းတာတွေရှိခဲ့ပါတယ်။
