မကွေးတိုင်း ရေစကြိုမြို့နယ် သက်ရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန် သည်။
ဇူလိုင် ၁၉ရက် နံနက် ၁၁နာရီခန့်တွင် ဆင်ချောင်းရွာမှ ရေစကြိုမြို့သို့ထွက် လာသည့် စစ်ကောင်စီ တပ် ကားတစ်စီးကို သက်ရွာအနီး၌ မိုင်း သုံးလုံးဆွဲ တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က သုံးဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ရေစကြို PDFက ထုတ်ပြန်သည်။
