●ဇူလိုင် ၁၈တွင် လက်လုပ် ၉၀ မမဖြင့်ပစ်ခတ်တိုက်ခိုက်ရာစစ်ရေယာဥ်တစ်စီးနစ်မြုပ်
ချင်းတွင်းမြစ်အထက်သို့ ဆန်တက်လာသည့်စစ်ကောင်စီရေယာဥ်အုပ်စုကို တိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်းကနီအခြေစိုက် ကျောက်လုံးကြီး PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ယနေ့(ဇူလိုင် ၁၉ ရက်)နေ့လည် ၂နာရီခန့်ကစ၍ကနီမြို့နယ်အပိုင် နတ်ကြီး နှင့် ငါးဖျက် ရွာ တို့ အကြားသုံးကြိမ်တိုင်ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည်ဟုသိရသည်။
“တိုက်ပွဲက အခုမှ (ည ၆ နာရီ ၄၀ မိနစ်ခန့်)ပြီးတာ။စနိုက်ဘာမိတဲ့ စခ တစ်ယောက်သေတာတော့အတည်ပြုနိုင်တယ်။ထိခိုက်တဲ့သူတွေလည်းရှိနိုင် သေးတယ်။အတွင်းသတင်းကို ကျွန်တော် တို့ စောင့်နေတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
ဇူလိုင် ၁၈ ရက်ကစ၍ မုံရွာမြို့ မင်းဒေါင့်ဆိပ် ကမ်းမှ စတင်ထွက်ခွာလာသည့် စစ်ကောင်စီ၏ ရေယာဥ်အုပ်စုတွင်အမြန်ယဥ်စစ်သဘော်ကင်း ထောက်ဘုတ်နှစ်စီးအပါအဝင် ရေယာဥ်အစီးရေ ၁၃ စီး နှင့် အင်အား ၁၀၀ ကျော်ခန့်ပါဝင်သည်ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက အသိပေးသည်။
ထို့အပြင် အဆိုပါရေယာဥ်အုပ်စုကို ယမန်နေ့(ဇူလိုင်၁၈) နံနက်၅ နာရီ ခန့်က မိနစ် ၃၀ ကြာ တိုက်ခိုက်မှု၌ ချိုင်ရွာအနီးအရောက် မော်တော်တစ်စီးမှာ PDF များကလက်လုပ်၉၀မမဖြင့်ပစ်ခန်တိုက်ခိုက်ရာထိမှန်ရာနစ်မြုပ်သွားပြီး ခဲယမ်းကျည်အချို့ ရရှိကြောင်း သိရသည်။
အဆိုပါ ရေယာဥ်အုပ်စုသည် စစ်ကိုင်းအထက်ပိုင်းရှိခန္တီးနှင့် ဟုမ္မလင်း မြို့ သို့ စစ်ကောင်စီက လက်နက်ခဲယမ်း ရိက္ခာ များကို ပို့ဆောင်ရန်လုံခြုံရေးယူပေးမည့် စစ်သ င်္ဘောတစ်စီးနှင့်ပြောက်ကျားစစ်အမြန်ယာဥ်နှစ်စီးမှာ မင်းဒေါင့်ဆိပ်ကမ်း ၌ဇူလိုင် ပထမ ပတ်တည်းက တပ်စွဲ ခဲ့ခြင်းဖြစ်သည်။
