ရန်ကုန် – မန္တလေးအမြန်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ယာဥ်ကြီးသုံးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။
ယနေ့နေ့လယ် ၁ နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း တွင် မန္တလေးဘက်မှ မိတ္ထီလာမြို့ဘက်သို့မောင်းနှင်လာသော စစ်ကားအကြီးသုံးစီးကို မိုင်တိုင် (၃၂၀)အနီးတွင် ပဒေသာမိုင်း ၁၁လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီး PDFက ပြောသည်။
“သုံးဦးကတော့ အဲ့နားမှာ လူတင်ကားပေါ်ပွေ့တင်နေတာ တွေ့တယ် ပြောတယ်။ အနည်းဆုံး သုံးကောင်လောက်တော့ကျမယ်”ဟု နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တိုက်ခိုက်ခံရမှုဖြစ်ပွားပြီးနောက် အခင်းဖြစ်နေရာသို့ လူနာတင်ယာဥ်များရောက်ရှိလာပြီး သေဆုံးနှင့် ထိခိုက်ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို မိတ္ထီလာမြို့ဘက်သို့ သယ်သွားကြောင်း ၎င်းက ဆက်ပြောသည်။
ဇူလိုင် ၃ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်မှ နွားထိုးကြီး PDF ၏စခန်းတစ်ခုကို ဝင်စီးခဲ့ရာ လက်နက်ခဲယမ်းများဆုံးရှုံးခဲ့ရပြီး စားဖိုမှူးအရပ်သားတစ်ဦး ဖမ်းဆီးခံခဲ့ရသည်။
