ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ကျိုက်ထိုမြို့နယ် အင်္ဂဘိုရွာတွင် ယမန်နေ့က စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦး သေဆုံးပြီး ဒဏ်ရာရသူများရှိခဲ့ကြောင်း သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃) က ထုတ်ပြန် သည်။
ဇူလိုင် ၁၅ရက် နံနက် ၁၀နာရီခန့်က အင်္ဂဘိုရွာဆီအုန်းအမှတ်(၂) လေးဒေါင့်ကန်အနီးတွင် PDF တပ်ရင်း (၃)နှင့် KNU/KNLA ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင် စီယာဉ်တန်းအား ကြားဖြတ်မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီမှ ၁၀ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၅ဦးအထက်ရှိသည်ဟု ဖော်ပြသည်။
ယမန်နေ့ ထုတ်ပြန်ချက်တွင် စစ်ကောင်စီယာဉ်၏ လုံခြုံရေးယူပေးသည့် ရှေ့ပြေးကင်းပုန်းမှ စစ်ကောင်စီဗိုလ်တစ်ဦးတိုက်ခိုက်မှုဖြစ်ပွားစဉ်ထွက်ပြေးရာ ကားတိုက်သေဆုံးခဲ့သည်ဟု ဆိုသည်။
ယမန်နေ့ တိုက်ပွဲ၌ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ကျဆုံးမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သထုံခရိုင် PDF တပ်ရင်း(၃)က သတင်းထုတ်ပြန်ထားသည်။
