ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၏ ဆေးအဖွဲ့က ဒေသတွင်းစိုးမိုးနယ်မြေ လေးခုသို့ သွားရောက်ကာ ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည့် မှတ်တမ်းဓာတ်ပုံများ ထုတ်ပြန်သည်။
PEOPLE’S DEFENCE FORCE-HTILIN (YRPA)၏ စိုးမိုးနယ်မြေ (၂)၊(၃)၊(၄)၊(၅)သို့ သွားရောက်ကာ သွေးလွန်တုပ်ကွေးနှင့် ၀မ်းပျက်၀မ်းလျှောရောဂါများအကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ကာကွယ်ရေးနည်းလမ်းများကို ဟောပြောပညာပေးခဲ့ကြောင်း ယနေ့(ဇူလိုင် ၁၁ရက်)ထုတ်ပြန်ထားသည်။




ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုခံယူသူဦးရေ စုစုပေါင်း ၅၀၀ကျော်ခန့်ရှိခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ၀န်ကြီးဌာန၏ ဂန့်ဂေါခရိုင်တာ၀န်ခံ၊ ထီးလင်းမြို့နယ်တာ၀န်ခံနှင့် ထီးလင်းမြို့နယ် ကြားကာလအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ ပြည်သူ့ကာကွယ်ရေးနှင့် ဆေးအဖွဲ့၀င်များက စစ်ဘေးရှောင်ပြည်သူများထံသွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြသည်။

“စစ်ခွေးတွေက အပြစ်မဲ့မိဘပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို နှောင့်ယှက်ဖျက်ဆီးခဲ့ကြတဲ့အတွက်ကြောင့် မိဘပြည်သူတွေဟာ ကိုယ့်အိုးကိုယ့်အိမ်ကိုစွန့်ခွာပြီး ဘေးလွတ်ရာမှာ ရှောင်တိမ်းနေထိုင်နေကြရပါတယ်။ ဒါကြောင့် စစ်ဘေးရှောင်မိဘပြည်သူများကိုလည်း တတ်နိုင်သည့်ဘက်မှ ဝိုင်း၀န်းကူညီ ပံ့ပိုးပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ”ဟု ထီးလင်းမြို့နယ်
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PEOPLE’S DEFENCE FORCE-HTILIN (YRPA)က တိုက်တွန်းထားသည်။
