▪️နိုင်ငံတကာအသိုင်းအဝန်းက NUGနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံဆောင်ရွက်ရေး တိုက်တွန်းပေးရန် မဟာမင်းကြီးကို တောင်းဆို
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလသည် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ကို အွန်လိုင်းမှတဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန် သည်။
အဆိုပါတွေ့ဆုံမှုတွင် NUG ယာယီသမ္မတက နိုင်ငံ တကာအသိုင်းအဝန်းအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံဆောင်ရွက်ရေးတိုက်တွန်းပေးရန် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကို တောင်းဆိုခဲ့သည်ဟု ဆိုသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံသည် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများထမ်းဆောင်ရန် ကတိကဝတ်ပြုခဲ့ပြီး ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) မှ နည်းပညာအကူအညီများ ပံ့ပိုးပေးရန်လည်း ယာယီသမ္မတက တောင်းဆိုခဲ့ကြောင်းထုတ်ပြန် သည်။
ထို့အပြင် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီ မျှော်မှန်းချက်များနှင့် လူ့အခွင့်အရေးများအတွက် မဟာမင်းကြီးမှ ဆက်လက်ထားရှိသော ကတိကဝတ်အတွက် ကျေးဇူးဥပကာရ တင်ရှိကြောင်း ယာယီသမ္မတက ပြောသည်။
မဟာမင်းကြီးရုံး၏ လုပ်ပိုင်ခွင့် တာဝန်များအတွက် မြန်မာနိုင်ငံမှ ဆက်လက် ထောက်ခံကြောင်းလည်း ယာယီသမ္မတက ထပ်လောင်းအသိပေးခဲ့ကြောင်း သိရသည်။
